"ဒီနေ့ company ကိုမလာနဲ့တော့ နားလိုက်အုံး"
"ခင်ဗျားကလာခိုင်းလည်းမလာဘူး စိတ်ချ"
ကားဆိုဖာကိုမှီကာခေါင်းမူးသဖြင့်အိပ်နေသော Jungkook ကိုကြည့်ကာသနားတာကြောင့် Taehyung ကပြောပေမယ့် Jungkook ကတော့စကားကိုကောင်းကောင်းမပြောချေ...အခုဆိုရင်သူတို့နှစ်ယောက် Korea ကိုပြန်ရောက်နေပြီဖြစ်ကာ Jungkook ကိုအိမ်ပြန်လိုက်ပို့နေခြင်းဖြစ်သည်...Taehyung ရဲ့ driver ကလာကြိုတာကြောင့် Taehyung ကိုယ်တိုင်မောင်းစရာမလိုတာကြောင့် Jungkook နဲ့အတူနောက်ခန်းထဲမှာပဲအတူတူထိုင်လိုက်တော့သည်....
"မင်းကလေ စကားကိုကောင်းကောင်းပြောလို့်မရဘူး ငါ့ကိုဂလန့်တိုက်ရမှစားဝင်အိပ်ပျော်မှာလား ဟမ်!"
"Kim Taehyung...ကျွန်တော်ပင်ပန်းနေပြီ စိတ်ရှုပ်အောင်ပါပွတ်တွတ်ပွတ်တွတ်နဲ့နားလာပူမနေနဲ့ဗျာ"
မျက်ခုံးနှစ်ခုကြားထဲကနှာတံရိုးအပေါ်နားကိုလက်မနဲ့လက်ညှိုးသုံးကာနှိပ်နေရင်းပြောသည့် Jungkook ကိုကြည့်ကာ Taehyung အားနာသွားသည်...တကယ်ဆိုဒီခရီးကိုသူခေါ်လို့ Jungkook ကမလိုက်ချင်ဘဲနဲ့လိုက်ခဲ့ရသည်မလား...Italy မှာနှစ်ရက်တည်းနေတာတောင်တချိန်လုံးရန်ဖြစ်နေရသလိုအလုပ်ကိုစိစိစစ်စစ်လုပ်တတ်သည့် Taehyung ကြောင့် Jungkook တော်တော်ပင်ပန်းခဲ့ရလေသည်...ထို့အပြင် လေယာဉ်ပေါ်မှာလည်းဆယ်နာရီကျော်လောက်နေခဲ့ရတာဆိုတော့နှစ်ယောက်စလုံးနုံးချိနေပြီဖြစ်သည်....
"ဘေးဖယ် ငါနှိပ်ပေးမယ် နှိပ်လည်းမနှိပ်တတ်ဘဲနဲ့..."
မျက်ရိုးကိုက်လို့နှာတံရိုးအပေါ်နားကိုနှိပ်နေသည့် Jungkook ရဲ့လက်ကိုဖယ်ကာ Taehyung ပြောသည်...
"အာ...မလိုဘူး ရတယ်..."
နှိပ်ပေးဖို့ပြင်နေသည့် Taehyung ရဲ့လက်ကိုတွန်းထုတ်ဖို့ Jungkook ကြိုးစားသော်လည်း Taehyung ကဇွတ်နှိပ်ပေးနေတာကြောင့် Jungkook လက်လျှော့လိုက်ရလေသည်...
"Jungkook...."
"ပြော..."
"ငါတကယ်သိချင်နေတာတစ်ခုရှိတယ် အမှန်အတိုင်းဖြေ"
"ဘာမို့လို့လဲ"
"Minjae ဆိုတဲ့ကောင်ကိုမင်းသဘောကျနေတာလား..."
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎