Part-9

1.7K 184 23
                                    

"Kim Taehyung..."

"ဘာလဲ"

ဧည့်ခန်းထဲကစားပွဲမှာအလုပ်လုပ်နေသည့် Taehyung ကိုကြည့်ကာမူးနေသည့်အသံဖြင့် Jungkook ပြောသည်...ထိုအခါ Taehyung က Jungkook ကိုမော့မကြည့်ဘဲပြန်ဖြေလာသည်...

"ခင်ဗျားမှာရည်းစားမရှိဘူးလား..."

Jungkook ရဲ့စကားကြောင့် Taehyung မော့ကြည့်လိုက်သည်...ထိုအခါမူးနေကာပါးတွေပါနီရဲနေသည့် Jungkook ကိုတွေ့လိုက်ရသည်...room service မှာထားတာကလည်းတကယ့်အပြင်းစားဘရမ်ဒီနှစ်လုံးဖြစ်သည်...

"Jungkook....မင်းမူးနေပြီမလား တော်တော့ 12နာရီထိုးတော့မှာ အိပ်တော့"

"မမူးဘူး ကျွန်တော်မေးတာသာဖြေစမ်းပါ...."

"ဟူးးးးမရှိဘူး"

"ဘာလို့လဲ..."

"မလိုချင်လို့"

Jungkook ဆီကအကြည့်လွှဲကာဖုန်းကိုပဲကြည့်နေလိုက်သည်....

"ဘာလို့လဲ..."

"ဟာ..မလိုချင်လို့ပါဆိုနေမှ ဘာလို့လဲဆိုတော့ငါကဘာဖြေရမှာလဲ"

"ခင်ဗျားတစ်ခါမှရည်းစားမထားဖူးဘူးလား..."

"မထားဖူးဘူး မင်းကရော..."

"ထားဖူးတာပေါ့ ဘယ်နှယောက်မှန်းတောင်မမှတ်မိဘူး"

ဖုန်းပိတ်ကာစားပွဲပေါ်မှာလက်ထောက်ရင်း Jungkook ကို Taehyung ကြည့်လိုက်သည်...

"ယောက်ျားလေးတွေနဲ့ရောတွဲဖူးလား..."

"တွဲဖူးတယ် သုံးယောက်လောက်ရှိမယ်ထင်တယ်"

မူးနေတာကြောင့် Taehyung ရဲ့စကားတွေကို Jungkook အလိုက်သင့်လေးပြန်ဖြေနေလေသည်...

"မင်းရဲ့ ideal type ကဘယ်လိုမျိုးလည်း..."

Taehyung ထိုမေးခွန်းကိုမေးပြီးနောက်သူ့ကိုယ်သူအံ့ဩသွားလေသည်...ဘာအတွက်ကြောင့်ထိုသို့မေးလိုက်မှန်းလည်းသူ့ကိုယ်သူနားမလည်နိုင်ပါ....Jungkook ကြိုက်တဲ့ပုံစံမျိုးဟာသူနဲ့ကိုက်ညီနေမလားဆိုသည့်ရူးနှမ်းနှမ်းအတွေးကိုလည်း Taehyung တွေးနေမိသည်...နှလုံးသားရဲ့စေညွှန်ရာကိုသူလိုက်လျောမိနေပြီထင်သည်...

"ကျွန်တော့်ရဲ့ ideal type.....?ခင်ဗျားလိုပုံစံကလွဲရင်ကျန်တဲ့ပုံစံတွေကြိုက်တယ်"

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now