"Omma...ကျွန်တော်သွားပြီနော်"
"အေးအေး"
"Jungkook...မင်းဒီနေ့ အလုပ်စလုပ်ရမှာနော် လိပ်စာက
မင်းကိုငါ message ပို့ထားတယ်""ဟုတ်ကဲ့ပါဗျာ သိတယ် သိတယ်"
Mr.Jeon ကိုအော်ပြောကာကားသော့ကောက်ယူရင်းထွက်လာခဲ့သည်...ဒီနေ့ Taehyung ဆီမှာအလုပ်စလုပ်ရမည့်နေ့ဖြစ်သည်...Jungkook မသွားချင်တာကြောင့်နေမကောင်းချင်ယောင်ဆောင်သေးသည်...ထိုအခါ Mrs.Jeon က Jungkook ကိုယုံကာတကယ်ထင်သွားပေမယ့် Mr.Jeon ကတော့လုံးဝမယုံချေ...ထို့ကြောင့် Jungkook ရဲ့အလုပ်မလုပ်ချင်သည့်အစီအစဉ်ကျရှုံးသွားခဲ့ပါသည်
"ဒီနေ့အတန်းချိန်တွေအများကြီးရှိရင်ကောင်းမှာပဲကွာ...ကျစ်"
.
.
.
"Kim Taehyung ရဲ့ရုံးခန်းကဘယ်မှာလဲ"Taehyung ရဲ့ company ကို Jungkook ရောက်လာပြီး reception မှာမေးနေခြင်းဖြစ်သည်....
"ရှင်...CEO Kim ရဲ့ရုံးခန်းကိုပြောတာလားရှင့်"
"ဟုတ်တယ်"
"အာ...ကြိုချိန်းထားတာရှိလားရှင့်"
"မရှိဘူး"
"ဟုတ်...နာမည်လေးတစ်ချက်လောက်...ကျွန်မလှမ်းပြောပေးပါ့မယ်နော်"
"Jeon Jungkook"
"ဟုတ်ကဲ့ ခဏလေးပါနော်"
receptionist ကောင်မလေးက Taehyung ရဲ့ရုံးခန်းကိုဖုန်းခေါ်ကာပြောနေလေသည်...Jungkook ကတော့ ကောင်တာကိုမှီထားကာပီကေဝါးနေလေသည်
"ဟုတ် ရပါတယ်တဲ့ရှင့် ဟိုနားမှာ security guard ကောင်လေးရှိပါတယ်ရှင့် သူလိုက်ပို့ပါလိမ့်မယ်နော်"
receptionist ညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ security guard တစ်ယောက်ကိုမြင်လိုက်ရတာကြောင့်သူ့အနောက်ကနေ Jungkook လိုက်သွားလိုက်သည်...
"ဒီအခန်းပါခင်ဗျ ခွင့်ပြုပါအုံး"
Taehyung ရဲ့ရုံးခန်းရှေ့ကိုရောက်တော့ security guard က Jungkook ကိုနှုတ်ဆက်ကာပြန်သွားလေသည်...Jungkook လည်းတံခါးကိုဆွဲဖွင့်လိုက်သည်...ထိုအခါအခန်းရဲ့အလယ်ကောင်ကစားပွဲမှာစာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေသည့် Taehyung ကိုတွေ့လိုက်ရသည်...
"ဟိုလူ...ကျွန်တော်ရောက်ပြီ"
Jungkook ပြောလိုက်တော့မှ Taehyung ကခေါင်းမော့ကြည့်လာသည်...
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎