Part - 3
Tao-Yeobo...ရှင်ဘယ်လိုလုပ်လိုက်တာလဲ...
Kris:ကိုဘာလုပ်မိလို့လဲJagiရဲ့..
Tao:ကျွန်မရှင့်ကိုဘာပြောထားလဲ...သားကိုSooလေးနဲ့ပဲသဘောတူတယ်လို့မပြောထားဘူးလား..
ဘာလဲအခုတော့ကျွန်မစကားတွေကရှင့်အတွက်အရာမဝင်တော့ဘူးလား..
Taoတစ်ယာက်Sooကိုချွေးမအဖြစ်ကနေလက်လွတ်လိုက်ရလို့ဒေါသထွက်နေတာနဲ့Krisကိုပြန်အော်လိုက်မိသည်..
Kris:မင်းမိဘမဟုတ်ဘူးလား...ဘယ်မိဘမဆိုကိုယ့်သားသမီးကောင်းစားတာပဲမြင်ချင်ကြတာပဲ...ကိုယ်လည်းအဲ့လိုပဲကိုယ့်သားလေးကောင်းစားတာပဲမြင်ချင်တဲ့အဖေကွ
Tao:Krystalနဲ့ပေးစားမှသားကကောင်းစားမှာလား..သေချာစဉ်းစားပါဦး....သားသဘောကျတဲ့သူကိုရွေးချယ်ပါစေလား...ခုတော့ရှင့်သဘောအတိုင်းပဲရှင်စီစဉ်နေတာပဲ..
Kris:krystalနဲ့ပေးစားမှကောင်းစားမှာတော့မဟုတ်ပေမယ့်..Sooနဲ့ပေးစားရင်မင်းသားကောင်းစားမှာမဟုတ်ဘူး..Sooကဘယ်လိုမိန်းကလေးလဲမင်းမသိဘူးလား..ဝတ်ပုံစားပုံကခေတ်ရှေ့ပြေးလွန်းတယ်..ပြီးတော့သားအပေါ်ကိုဆိုးလိုက်တာလွန်ပါလေရော...ဒီလိုကလေးဆန်တဲ့မိန်းကလေးမျိုးနဲ့သားကိုပေးစားရင်ဘယ်မှာကြီးပွားတိုးတက်မှာလဲ...အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်တိုင်ပင်လို့မရတဲ့အပြင်ကိုသားက,ကလေးထိန်းသလိုကိုလိုက်ထိန်းနေရမှာကွ..မင်းသိလား..
Tao:အို...ဘာပဲဖြစ်ဖြစ်..Sooလေးကရိုးသားတယ်..မာယာမများဘူး...ပြီးတော့ဆိုးတယ်ဆိုတာကလည်းသားလေးကိုချစ်လွန်းလို့နွဲ့ဆိုးလေးဆိုးတာပါ...ဝတ်တာစားတာကလည်းပြုပြင်ပေးရင်ရမှာပါ...ဘာမဆိုလုပ်ယူလို့ရတဲ့ခေတ်ကြီးထဲမှာရှင်တစ်ဖတ်သတ်မဆန်လွန်းဘူးလား..
Kris:ဒါဆိုလည်းမင်းကတစ်ဖတ်သတ်ဆန်တာပဲ..မင်းကသာSooကိုချွေးမတော်ချင်နေတာ..သားကSooကိုစိတ်ဝင်စားတာမဟုတ်ဘူး..
Tao:သူတို့ဒီလောက်တောင်အနေနီးပြီးသံယောဇဉ်ရှိကြတာ..ဘာလို့မချစ်ရမှာလဲ..
Kris:ဒါဆိုလဲမင့်သားကိုမင်းမေးလေ....သူကိုယ်တိုင်ကိုကSooကိုလိုလိုချင်ချင်ဖြစ်နေတယ်ဆိုငါKrystalနဲ့ကိစ္စကိုနောက်ဆုတ်ပေးမယ်..
