Part 4 (သွေးပျက်ဖွယ်ည)🔞🔞

4.6K 222 36
                                    

Haunted House (Zhanyi)
20+

Part 4  (သွေးပျက်ဖွယ်ည)🔞🔞

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 12 , L.A (The Beck House)
_________________________________

ရိပေါ်ရဲ့ ငယ်သံပါအောင် အော်ဟစ်နေသံကြောင့် Daddy က အပေါ်ထပ်ပြေးတက်လာသည်။ အမောတကောနဲ့ အခန်းထဲပြေးဝင်လာတဲ့ Daddy ကို လှမ်းဖက်လိုက်ပြီး နှုတ်ခမ်းကို စုပ်ယူကာ ခံတွင်းထိအောင် မွှေနှောက်နမ်းပြီးမှ ရိပေါ် ပြန်လွတ်ပေးလိုက်သည်။

Daddy က အံ့ဩသွားပြီး ရ်ိပေါ်ကို နားမလည်သလိုလေး ကြည့်လာတော့ သွားလေးတွေပေါ်အောင် ရယ်ပြလိုက်ရင်းက

"ပိုင်ဆိုင်မှုတံဆိပ်ကပ်တာ . . . စိတ်မချလို့"

ပြောပြီး ရိပေါ် ချစ်စဖွယ် လျာလေးထုတ်ပြလိုက်သည်။ အမှန်တော့ ရိပေါ် Daddy ကို အော်ခေါ်တာက လိုက်ကာကြားထဲမှ ဖန်လုံးအိမ်ကို ပြပြီး ညကအိပ်မက်မဟုတ်ပဲ တကယ်ဖြစ်ပျက်ခဲ့တာဆိုပြီး ပြောဖို့ပင်။

သ်ို့သော် အော်ခေါ်ပြီးမှ စဉ်းစားမိသည်က ရိပေါ် စကားကို Daddy ယုံမှာ မဟုတ်ဖူးဆိုတာပင်။ အဘယ့်ကြောင့်ဆိုသော် Daddy နိုးလာတော့ ရိပေါ်က ကုတင်ပေါ်မှာ။

ကိုယ်တိုင်လည်း ကုတင်ပေါ်ကို ဘယ်လိုရောက်သွားသလဲဆိုတာကို စဉ်းစားလို့မရ။ ရိပေါ် သေသေချာချာ တစ်ခုချင်း မှတ်မိနေသည်က အိပ်မက်မဟုတ်ဖူးလို့ ဆိုနိုင်သော်ငြားလည်း ကုတင်ပေါ်ရောက်နေပုံက အိပ်မက်သဖွယ်။

ဒါ့ကြောင့် အိပ်မက်ပဲလား။ တကယ်ပဲဖြစ်ခဲ့တာလားဆိုတာ ကိုယ်တိုင်ပင် ဝေခွဲ၍ မရတာကြောင့် ကိုယ်တိုင် တကယ် သေချာပြီဆိုမှ Daddy ကို ဖွင့်ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

"လန့်သွားတာပဲ baby ရာ။ ကိုယ့် အရမ်းစိတ်ပူသွားတာ အဲ့တာကို သိရဲ့လား။ နောက်ခါကျ အဲ့လို မလုပ်နဲ့ကွာ"

Haunted House (Zhanyi)🔞🔞Where stories live. Discover now