Part 5 (ပျက်သုဉ်းခြင်းအစ)

2.6K 205 47
                                    

Haunted House (Zhanyi)
20+

Part 5  (ပျက်သုဉ်းခြင်းအစ)

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 12 , L.A (The Beck House)
_________________________________

            . . . . . Second Night . . . . . .

1 : 00 am ;

ရိပေါ်ရဲ့ အော်သံက ညဉ့်ရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်သည်။

စူးစူးဝါးဝါးအော်သံကြောင့် Daddy လန့်နိုးသွားပုံရသည်။ ထိတ်ပြာတုန်လှုပ်သော လေသံနှင့် Daddy က

"Baby . . Baby ဘာဖြစ်တာလဲ"

ပြောပြီး ကုတင်ပေါ်က ပြေးဆင်းလာသည်။

"Daddy . . . daddy ဒီအိမ်မှာသရဲရှိနေတယ်။ သရဲ တကယ် ရှိနေတာ။ မျက်နှာကြီးက ကြောက်စရာကြီး ဟို . . ဟိုမှန်ထဲကနေတွေ့လိုက်တာ"

ရိပေါ်က တုန်ယင်နေသော ခန္ဓာကိုယ်ကို ရှောင်းကျန့်ဆီ အမှီသဟဲ ပြုထားရင်း လှည့်မကြည့်ပဲမှန်ဆီသို့လက်ညိုးထိုးရင်းက ကြောက်လန့်တကြား ပြောနေသည်။

ရှောင်းကျန့် တင်းကြပ်စွာပွေ့ဖက်ပေးထားပေမဲ့လည်း ဘာမျှပြန်မပြောပဲ ငြိမ်နေမိ၏။ မိနစ်အနည်းငယ်မျှကြာသောအခါ ရင်ခွင်ထဲက လှုပ်ရှားလာသည်မို့ ပွေ့ဖက်ထားသည်ကို ဖြေလျော့ပေးလိုက်တော့ မိမိလက်တွေက ပုတ်ထုတ်ခံလိုက်ရသည်။

သူက တုန်လှုပ်သွားသည်။ ဝမ်းနည်းစွာနှင့်လည်း ရိပေါ်ကို ကြည့်မိသည်။ ရိပေါ်က ရုတ်တရက် ရယ်သည်။ ရယ်သံဖြစ်သော်လည်း ကြေကွဲမှုက လွှမ်းနေသည်။

"Daddy မယုံဖူးမလား။ baby အခုလို ဖြစ်ပျက်နေတာတောင် Daddy မယုံနိုင်ဖူးမလား။ ပြောလေ Daddy "

ရှောင်းကျန့် တကယ်ပင် ဘာမှမပြောနိုင်ခဲ့။ မျက်ရည်လည်ရွဲနှင့် ရိပေါ်က သူ့မျက်နှာက်ို အတန်ကြာ စိမ်းစိမ်းစိုက်ကြည့်နေသေး၏။ နှုတ်မှလည်း လွှတ်ကနဲထွက်တော့မည့် စကားလုံးကို သတိဦး၍အချိန်မီထိန်းလိုက်ပုံနှင့် ကုတင်ဆီသို့ လှည့်ထွက်သွားသည်။

Haunted House (Zhanyi)🔞🔞Donde viven las historias. Descúbrelo ahora