Part 12 (နွေညတစ်ည)

1.1K 113 24
                                    

Haunted House (Zhanyi)
20+

Part  12  ( နွေညတစ်ည )

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 14 , L.A (The Beck House)
_________________________________

" ( အပျင်းထူသော ကြောင်ကြီး 'တွမ်' ) - 2021 "

မြေပုံတစ်ခုတွင် ပျဉ်ချပ်ထောင်ကာ ရေးသားထားသည့် စာတန်းကို ဖတ်လိုက်ပြီးနောက် သူ၏ဘေးကပ်လျက်တွင် ယခုပင် လတ်လတ်ဆတ်ဆတ် မြေဖို့ထားသော မြေပုံ၏ စာတန်းကိုပါ တဆက်တည်း ရိပေါ်က ဖတ်နေ၏။

" (အချစ်ဆုံးခွေးကလေး Milo)- 2021 "

Scott က ကမ္ပည်းမှတ်တိုင်များ ရေးထိုးပြီးသည့်နောက် လက်နှစ်ဖက်အားယှက်ကာ ခေါင်းငုံပြီး တတွတ်တွတ်ရေရွတ်နေသည်။ ရှောင်းကျန့်က Scott အား အနှောက်ယှက် မဖြစ်စေလိုတာကြောင့် Scott ဘေးမှ ညင်သာစွာ လျောက်ထွက်ခဲ့လေသည်။

ရိပေါ်က ရှောင်းကျန့် မျက်နှာအား လှမ်းကြည့်ကာ သူ၏ ဝမ်းနည်းမှုအား မျက်ဝန်းမှ တဆင့်လှစ်ဟပြလေ၏။ ရှောင်းကျန့်က  ရိပေါ်လက်ကလေးအား ခပ်ဖွဖွဆုပ်ကိုင်ကာ နှစ်သိမ့်ပေး၏။

ထိုစဉ် Church ကျောင်းဆီမှ အေးချမ်းဆွတ်ပျံ့ဖွယ် ခေါင်းလောင်းသံမှာ ကြည်နူးလွမ်းမောဖွယ် လွင့်မျောလာ၏။

Scott က ဆုတောင်းမှုပြုပြီးနောက် Eli အား လှမ်းကြည့်တော့ ဝမ်းနည်းခြင်းအား ရည်ညွှန်းလေသော မျက်ဝန်းများဖြင့် မြေကွက်လပ်ဝိုင်းများနှင့် လွတ်ရာ၌ ရပ်နေသည်ကို တွေ့ရသည်။ စိတ်မချမ်းသာသော မျက်နှာနှင့်မို့ အတင်းခေါ်ဖို့ မကြိုးစားတော့ပဲ ဤနေရာမှသာ ထွက်ခွါဖို့ပြင်သည်။ ရှောင်းကျန့်နှင့်ရိပေါ်ကလည်း အလိုက်သိစွာ ရှေ့မှ သွားနှင့်ကြ၏။ သူတို့လေးဦးအဖို့ သေခြင်းတရားနှင့် ဆက်လက်ထိတွေ့နိုင်စွမ်း မရှိတော့သည်ကို သူတို့၏ မျက်နှာများက အစွမ်းကုန်ဖော်ညွှန်း ပြသနေကြလေသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 29, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Haunted House (Zhanyi)🔞🔞Tempat cerita menjadi hidup. Temukan sekarang