Part 3 (ခြေသံ)

2.9K 258 68
                                    

Haunted House (Zhanyi)
20+

Part 3  ( ခြေသံ)

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 11 , L.A (The Beck House)
_________________________________

             . . . . .  First  Night  . . . . .
                  ________________

1:00 AM ;

'ချောက် ! . . . ကျွီ . . . '

တံခါးဖွင့်သံကြောင့် ရိပေါ် အိပ်ပျော်နေရာမှ နိုးသွားသည်။ ဘေးနားမှာ daddy ရှိနေသာ်လည်း အခန်းတံခါးဖွင့်သံ ကြားလိုက်ရတာကြောင့် အိပ်ရာထက်မှ ခေါင်းလေးအသာကြွပြီး တံခါးဝဆီသို့ လှမ်းကြည့်လိုက်သည်။

အခန်း၏ နံရံများ၊ ပြတင်းပေါက်များ နှင့် တံခါးများ အားလုံးမှာ မှန်များဖြင့် ပြုလုပ်ထားပြီး ခန်းဆီးများကို  သိမ်းချီထားတာကြောင့် ရိပေါ် အပြင်ဘက်သို့ ကောင်းစွာ လှမ်းမြင်နေရသည်။

ဒါ့အပြင် လျောက်လမ်းတစ်လျောက် မီးမထွန်းထားသော်လည်း ရိပေါ်တို့အခန်းထဲမှ မီးရောင်အချို့ လျံကျနေတာကြောင့်  အပြင်သို့ သဲကွဲစွာလည်း မြင်နေရသည်။

"ကျွီ . . . ဒုတ် . . . ကျွီ . . . ဒုတ်"

တံခါးမှာ ဖြည်းညှင်းစွာပွင့်လာလိုက် ပြန်ပြီးပိတ်သွားလိုက်နှင့် ရှိနေသည်။ သို့သော် အခန်းဝတွင် လူရယ်လို့ တဦးတယောက်မျှပင်မရှိ။ ထို့အတူ အိမ်ကြီးထဲမှာ ရိပေါ်နဲ့ Daddy ကလွဲလို့ မည်သူမျှရှိမနေ။

ရိပေါ် ဆက်ကြည့်နေရာ တံခါးမှာ ပိတ်လိုက်ပွင့်လိုက် ဖြစ်နေရာမှ လုံးဝ ပိတ်သွားပြီး ခြေသံတခုထွက်ပေါ်လာသည်။ ထိုခြေသံမှာ အခန်းတံခါးရှေ့မှ လျောက်လမ်း တစ်လျောက် ဧည့်ခန်းကြီးရှိရာဆီသို့ ထွက်သွားသည်။

ခြေသံကို ရိပေါ် ကြားနေရသော်လည်း လူက်ိုမူ မတွေ့ရ။ ရိပေါ် ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်ပြီး ခြေသံနောက်သို့ လိုက်သွားသည်။

Haunted House (Zhanyi)🔞🔞Où les histoires vivent. Découvrez maintenant