Haunted House (Zhanyi)
20+Part 8 ( Cemetery )
2021 Oct 31 , L . A , USA
_____________________အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...
သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...
......
2020 . April . 13 , L.A (The Beck House)
_________________________________
. . . . . Third Night . . . . .12 : 00 pm ;
ရှောင်းကျန့် လှေကားထိပ်၌ ရပ်ကာ အောက်သို့ လှမ်းကြည့်နေရင်း ဆက်၍ ဆင်းသွားရမည်လား၊ မသွားရဖူးလား ဝေခွဲရခက်နေသည်။
ထိုအခိုက်မှာပင် တွန့်လိမ်ကောက်ကွေးနေသည့် ခန္ဓာကိုယ်နှင့် အမျိုးသမီးတစ်ဦး မှာ ခြေထောက်ရော လက်များပါ အသုံးပြုပြီး လှေကားပေါ်သို့ ရုပ်ပျက်ဆင်းပျက်နှင့် ပြေးတက်လာသည်။
ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် တဒင်္ဂ ဘာလုပ်ရမည်မှန်း မသိအောင် တုန်လှုပ်ခြောက်ခြားသွားသော်လည်း တွန်လိမ်ကောက်ကွေးနေသော ထိုအမျိုးသမီး လှေကားထိပ်မရောက်ခင်မှာပင် တံခါးကို သူတွန်းပိတ်နိုင်ခဲ့လိုက်သည်။
အနီးနားကပ်တော့မှ မြင်လိုက်ရသည့် ထိုအမျိုးသမီးမှာ တွန့်လိမ်ကောက်ကွေးနေသည့် ခန္ဓာကိုယ်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသော မျက်နှာကြီးရှိနေ၏။
အနီးကပ် မြင်လိုက်ရသော ထိုမျက်နှာကြီးကြောင့် ရှောင်းကျန့် စိတ်ခံစားချက်များ မကောင်းတော့။ သူ့၏ သက်တမ်း တစ်လျောက် ဤကဲ့သို့ ဆိုးရွားလှသည့် မျက်နှာမျိုး မမြင်ခဲ့ဖူးပေ။
မျက်စံနက် မရှိသည့် မျက်လုံးနှစ်လုံးမှာ အဆမတန် ပြူးထွက်နေပြိီး ယခုပင် ကျွတ်ကျတော့မယောင်ယောင် ရှိနေသည်။ ဒါ့အပြင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချွန်ထွက်နေသည့် သွားများရှိသည့် ပါးစပ်ကို သွားဖုံးပေါ်သည်ထိ ဖြဲထား၏။
ESTÁS LEYENDO
Haunted House (Zhanyi)🔞🔞
FanficSummary (Both Unicode and Zawgyi versions) A story created by Good Witch 🧙♀️ (အိမ်လေး)