Part 10 (တစ္ဆခေါ်တဲ့ည)

1.8K 133 20
                                    

Haunted House (Zhanyi)
20+

Part  10  ( တစ္ဆခေါ်တဲ့ည )

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 13 , L.A (The Beck House)
_________________________________

  
              . . . . . Third Night . . . . .

3 : 55 A.M ;

တိတ်ဆိတ်ခြင်းသည် အမှောင်ထုထဲ မင်းမူနေသည်။ ကောင်းကင်ထက်ဝယ် စောင်းသောလကို တိမ်ညိုဖုံး၍ နွေညပြာမှာ မှိုင်းမှုန် ပြာရီနှင့် ဆိတ်သုန်းချောက်ချားဖွယ် အတိ ရှိနေသည်။ ညသည် အတော်လေးပင် ညဉ့်နက်၍နေ၏။ ဆောင်းညမဟုတ်သော်ငြားလည်း ညတာမှာ စိတ်ပျက်ဖွယ်ကောင်းလှအောင်ပင် ရှည်လျားလွန်းနေ၏။

    " . . .   ကျွီ  . . . "

ည၏ တိတ်ဆိတ်ခြင်းသည် 'ကျွီခနဲ' ကားရပ်သံကြောင့် လန့်နိုးသွားသည့် အလား။ ညဉ့်ဌက်များပင် တစီစီအော်ပြီး အဝေးသို့ ပျံပြေးကုန်ကြသည်။ လေအဝှေ့ဝယ် တသဲသဲကြွေထားသော သစ်ရွက်ခြောက်များဆီမှ တရှဲရှဲမြည်သံများ ကြားနေရ၏။

The Beck House ကြီးမှာလည်း သူတို့၏ အလာက်ို မိန့်မိန်ကြီး စောင့်နေသကဲ့ပင်။ သူ၏ သွင်ပြင်မှာ မထီသလို ရှိနေ၏။ 'နောက်ဆုံးတော့လည်း ပြေးလို့မလွတ်ပါဘူးကွာ' ဟုပင် ပြောနေသယောင်ယောင်။ လှောင်နေသယောင်ယောင်။

"ကျွန်တော် အိမ်ကြီးထဲ ဝင်ဖို့ အဆင်သင့်မဖြစ်သေးဖူး ထင်တယ်"

ကားပေါ်မှ မဆင်းသေးဘဲ အိမ်ကြီး၏ မခန့်သော သွင်ပြင်ကို ကြည့်ကာ စိတ်ပျက်နေသည့် ရိပေါ်ထံမှ အသံထွက်လာ၏။

"စိတ်မပူပါနဲ့ . . . အားလုံးအဆင်ပြေသွားမှာပါ။ အချိန်ကျရင် ကံကြမ္မာက ကူညီပေးပါလိမ့်မယ်"

Scott ရဲ့ နှစ်သိမ့်ပေးသော ထိုစကားမှာ ရိပေါ် အတွက် နည်းနည်းလေးမျှပင် အထောက်အကူမဖြစ်ခဲ့ပါ။

Haunted House (Zhanyi)🔞🔞Opowieści tętniące życiem. Odkryj je teraz