Part 6 ( Milo)🔞🔞

4.2K 194 30
                                    

Haunted House (Zhanyi)
20+

Part  6 (Milo)🔞🔞

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 13 , L.A (The Beck House)
_________________________________

9 : 00 A.M ;

"ဒါက ပုံမှန်မဟုတ်တဲ့ အနေထားတစ်ခုလို့ မထင်မိကြဖူးလား"

ရှောင်းကျန့်ရော ရိပေါ်ပါ အတွေးထဲ နစ်နေရာမှ စကားသံကြားတော့ တုန်လှုပ်သွားကြပြီး အသံလာရာ လှေကားထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

လှေကားထိပ်ဝယ် ကြောင်တစ်ကောင်နှင့် ကောင်လေးနှစ်ယောက်။ ရှောင်းကျန့် သူတို့နှစ်ဦးရှိရာဆီ ခပ်သွက်သွက်လျောက်သွားရင်းက

"ခင်များတို့ ဘယ်သူလဲ၊ အိမ်ထဲ ဘယ်လို ဝင်လာကြတာလဲ"

ဒေါသတကြီး မေးလိုက်သည်။

ရှောင်းကျန့်၏ ဒေါသသံပါနေသည့်စကားကြောင့် ကြောင်လေးကို ပွေ့ချီထားသော ကောင်လေးမှာ တချက်တွန့်သွားသည်။ အရပ်ခပ်မြင့်မြင့်၊ အသားရည်နီစပ်စပ်ရှိသည့် တစ်ယောက်မှာမူ တောင်းပန်သည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေသည်။

သို့သော် စကားသံမှာမူ နှစ်ဦးစလုံးထံမှ သဲ့သဲ့လေးပင်ထွက်မလာ။ ရုတ်တရက် ဘာပြောရမယ်မှန်း မသိတာလည်း ဖြစ်နိုင်သည်။

ရိပေါ်လည်း အခြေအတင်ဖြစ်နေကြသော သူ့ Daddy နှင့် ၎င်းတို့ အနီးသို့ ခပ်သွက်သွက်လေး လျောက်လာလိုက်သည်။

ထိုအချိန်မှာ လူတစ်ယောက်က လှေကားကို ဒုန်းစိုင်းပြေးတက်လာရင်း

"Sean . . . Sean ဒါ ကျွန်တော်ခေါ်လာတာ။ chefs လိုတယ်ဆိုလို့"

အော်ပြောနေသည့် ထိုစကားသံကို ကြားမှ ရှောင်းကျန့် ဒေါသကို ဖြေလျော့လိုက်သည့် သက်ပြင်းသံ သဲ့သဲ့ထွက်လာသည်။

Haunted House (Zhanyi)🔞🔞Tahanan ng mga kuwento. Tumuklas ngayon