Haunted House (Zhanyi)
20+Part 11 ( အပြောင်းအလဲ )
2021 Oct 31 , L . A , USA
_____________________အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...
သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...
......
2020 . April . 13 , L.A (The Beck House)
_________________________________. . . . . Fourth Night . . . . .
12 : 00 AM;
အစီအရင်၏ အဓိက စည်းကမ်းချက်များတွင် ဖယောင်းတိုင်မီးမှာ ငြိမ်းသွား၍ မရ . . .
Scott ၏ ဖယောင်းတိုင်မီးညှိနေသော လက်မှာ တုန်ယင်နေလေသည်။ သူသည် ဘေးဘီသို့လည်ပတ် ကြည့်ရင်းက ခပ်သွက်သွက် မိီးညှိလိုက်လေသည်။
ရိပေါ်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းနေသည်ကို ရှောင်းကျန့်တစ်ယောက် ကောင်းစွာ သတိပြုမိသော်လည်း မည်သို့ ဖြေသိမ့်စကားဆိုရမည်ကိုမူ သူမစဉ်းစားတတ်တော့။
မိမိကိုယ်တိုင်ပင် မငြိမ်သက်သော အခြေအနေကြောင့် တစ်ပါးသူအား ဖြေသိမ့်ပေးရန်ကား မိမိမှာ မတတ်စွမ်းနိုင်သေး။
ဖယောင်းတိုင်မီးကို မငြိမ်းအောင် သတိထားသည့်ကြားမှ ငြိမ်းသွားခဲ့တာကြောင့် သူတို့သုံးဦးလုံးမှာ သွေးပျက်တုန်လှုပ်နေကြလေသည်။
"အို အမှောင် လောကကို မင်းမူကြကုန်သော စေတန်၏ လက်အောက်ငယ်သားတို့ . . . အဘယ်ကြောင့် အပြစ်မရှိသော ကျွန်ပ်တို့အား နှောက်ယှက်ချင်ကြပါသနည်း။ ကျွန်ုပ်တို့သည် အသင်တို့အား မည်သည့် အခါကမျှ အနှောက်ယှက် မပေးခဲ့ပါ . . . "
Scott ရွတ်ဆိုနေစဉ်တွင် လေများက ပိုမို ပြင်းထန်လာပြီး The Beck House ကြီးမှာ ယခုပင် တစစီ ပြုတ်ထွက်သွားမည်ကဲ့သို့ လှုပ်ယမ်း ယိမ်းထိုးလျက် ရှိနေလေသည်။ မည်သည့်နေရာများဆီမှ မသိသော အော်ဟစ်ငြီးတွားသံများမှာ The Beck House ၏ နံရံကြိီးများဆီသို့ ရိုက်ခတ်လျက် ရှိနေကြလေသည်။
YOU ARE READING
Haunted House (Zhanyi)🔞🔞
FanfictionSummary (Both Unicode and Zawgyi versions) A story created by Good Witch 🧙♀️ (အိမ်လေး)