Part 2 (First Night)🔞🔞

6.1K 265 26
                                    

Haunted House (Zhanyi)
20+

Part 2  ( First Night )🔞🔞

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 . April . 11 , L.A (The Beck House)
_________________________________

             . . . . .  First  Night  . . . . .
                  ________________

. . . .  ကျွီ  . . . .

ပွင့်ဟသွားသော တံခါးမကြီးနှင့်အတူ မြင်လိုက်ရသော interior design ကြောင့် ရိပေါ် မှင်သက်သွားသည်မှာ အမှန်

"Wow!  Daddy ဒါ အိမ်လား နန်းတော်လား"

"ဟားဟား . . ကိုယ်ပြောသားပဲ baby တွေ့ရင် ကြွေသွားမှာလို့ "

ရိပေါ်အိမ်ကြီးရဲ့ နန်းတော်တမျှ အပြင်အဆင်ကြောင့် အံ့ဩမိသော်လည်း အိမ်ကြီးထဲနေဖို့ကျ စိတ်က အလိုမကျသေး။ ဘာကြောင့်မှန်း မသိပေမဲ့ ရိပေါ် စိတ်က အိမ်ကြီးကိုမြင်တည်းက မနှစ်သက်မိပေ။

အိမ်ကြိီးက ရှေးခေတ်အပြင်အဆင်တွေနဲ့ အပြည့်အဝ လွှမ်းမိုးထားသည်။ ရှေးဟောင်း တိုင်ကပ်နာရီကြီးက ဧည့်ခန်းထဲမှာ ဝံ့ကြွားစွာ တည်ရှိနေသလို မီးလင်းဖိုကြီးကလည်း နာရီကြီးနှင့်အပြိုင် ခန့်ခန့်ထည်ထည်ရှိနေသည်။

ဒါ့အပြင် ရှေးဟောင်း gramophone (ဓာတ်စက်) တစ်ခုကလည်း ကနေဒါနိုင်ငံထုတ် မေပယ်သား ဆက်တီကြီးများကြားတွင် ပနံရစွာ တည်ရှိနေသည်။ အဖြူရောင်နဲ့ အနီရောင်ကို ဦးစားပေးပြင်ဆင် ထားပြီး လှပတဲ့ မီးဆိုင်းကြီးများက အိမ်ကြီးရဲ့ အဆင့်တန်းကို တဖက်ကဖော်ပြနေသည်။ 

ရိပေါ် သဘောမကျဆုံးကတော့ မိမိထက် တပြန်ကျော် ရှည်လျားသည့် အဖြူရောင် လိုက်ကာကြီးတွေပင်ဖြစ်သည်။ ပြတင်းဖွင့်ထားတာကြောင့် လေအဝှေ့နှင့် အတူလှုပ်ရှားနေသော လိုက်ကာများကို မြင်နေရသည်က စိတ်ခြောက်ခြားစရာကောင်းလှသည်။

Haunted House (Zhanyi)🔞🔞Donde viven las historias. Descúbrelo ahora