Part 1 (First Step)🔞🔞

10.1K 366 37
                                    

Haunted House (Zhanyi)
18+

Part 1  (First Step)🔞🔞

2021 Oct 31 , L . A , USA
_____________________

အိမ် လို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှ နေရာတွေထဲက အလုံခြုံဆုံးနေရာ တစ်ခုလို့ မြင်မိတတ်ကြပါတယ် ...

သို့ပေမဲ့ အလုံခြုံဆုံးပါလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အိမ်ထဲမှာ စဉ်းစားမကြည့်ဖူးခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အဖြစ်ပျက်တွေ ကြုံတွေ့လာခဲ့ရင် ...

......

2020 Feb 20 , Luoyang . China
___________________________

"ဟွန်း....ဒီအိမ်ကြီးလား Daddy "

"ဘာဖြစ်လို့လဲ baby ရဲ့"

"ဟို ကြောက်စရာ မကောင်းဖူးလားလို့"

"မကောင်းပါဖူး baby ရဲ့ ....Photo angle ကြောင့်"

"ခြံဝမှာလည်း မြက်တွေနဲ့ ... "

"ဒါက ကိုယ်တို့ မရောက်ခင် ရှင်းထားဖို့ ကိုယ်မှာထားပြီးသား baby "

"အိမ်ကြီးရဲ့ အရောင်ကလည်း ခြောက်ခြားစရာကြီး ... baby တို့ရောက်ရင် အသစ်ပြောင်းသုတ်ကြမလား"

"ဒါကတော့ မဖြစ်ဘူး baby "

"ဟင် .. ဘာလို့လဲ။ ဒီအိမ်ကြီးကို 1885 ခုနှစ်တည်းက ဆောက်ထားကြတာလေ။ ခုထိ မူလလက်ရုာမပြတ်အောင် ထိန်းသိမ်းထားကြတာ"

"ဒါဆို နှစ်ပေါင်း 135 နှစ်တောင် ရှိနေပြီ"

"ဟုတ်တယ် baby ဒါပေမဲ့ အတွင်းပိုင်း အပြင်ဆင်ကတော့ baby စိတ်ကြိုက်ဖြစ်မှာ ကိုယ်ပြောရဲတယ်"

ပြောပြီး ပါးလေးလာနမ်းလိုက်တဲ့ daddy ကြောင့် တွန့်ချိုးထားတဲ့ မျက်ခုံးတွေပြေလျော့သွားသည်။

မျက်လုံးလေး ခပ်ဖွဖွ မှိတ်ပြီး Daddy ရဲ့ အနမ်းတွေကို ခံယူရင်း လက်ထဲက tablet ကို ချကာ daddy လည်တိုင်တွေကို ဖက်တွယ်လိုက်သည်။

Daddy ကတော့ သူ့ခန္ဓာကိုယ်လေးကို ပေါ့ပါးတဲ့ ငှက်မွှေးပမာ ပွေ့ချီပြီး အိပ်ခန်းဆီဦးတည် လျောက်လှမ်းသွားသည်။

....

Daddy ဆိုတာက ကမ္ဘာပေါ်မှာ ကျွန်တော် အချစ်ရဆုံး လူသား။ Daddy နာမည်က ရှောင်ရှောင်းကျန့်။ Daddy က တရုတ်လူမျိုးဆိုပေမဲ့ Chinaမှာ မွေးတာ မဟုတ်ဖူး။ L.Aမှာ မွေးတယ်။ Daddy ကို L.A မှာ Sean Xiao ဆို မသိတဲ့သူမရှိဘူးဗျ။ Daddy က ရုပ်ရှင်ဇာတ်ညွန်းရေးဆရာ တစ်ယောက်လေ။ producer ဆိုလည်း မမှားဘူး။

Haunted House (Zhanyi)🔞🔞Donde viven las historias. Descúbrelo ahora