*1*

3K 196 8
                                    

"ယောင်းငယ် ဘာဖြစ်လာတာလဲ...."

ထော့နင်းထော့နင်းနဲ့ အိမ်ထဲသို့ဝင်လာ ထယ်ယောင်းကြောင့် ခြောက်ယောက်သား ပျာပျာသလဲဖြစ်သွားကာ ထယ်ယောင်းနား ခြောက်ယောက်လို့ပြေးသွား‌ကြသည်။အပြေးမြန်သော ဂျောင်ဂုက ထယ်ယောင်းကို ပွေ့ချီကာ ဆိုဖာပေါ် အသာအယာချပေးလိုက်သည်။

"ကိုယ်တို့မေးနေတာကို ဖြေအုံးလေ ယောင်းငယ်..."

နမ်ဂျွန်ရဲ့အမေးကြောင့် နာကျင်လို့ ငိုချင်နေတာကို လက်တို့သလိုဖြစ်သွားတော့ ထယ်ယောင်းမှာ တအင့်အင့်ဖြင့်ရှိုက်သံလေး‌များပင် ထွက်ပေါ်လာသည်။ထယ်ယောင်းရှိုက်သံကြောင့် သူတို့ခြောက်ဦးသည် ခုနကထက်ပင် ပိုပြီးပျာယာခတ်သွားကြသည်။

"ယောင်း မငိုပဲနဲ့ဖြစ်လာသမျှ အကြောင်းစုံပြောပြ..."

ဂျောင်ဂု၏ ခပ်မာမာစကားအဆုံး ထယ်ယောင်းလေးသည် ပါးပြင်ထက်မှမျက်ရည်စများကို လက်ခုံဖြင့်ပွတ်သတ်လိုက်ပြီး ဂျုံးဂုဘက်လှည့်ကာ ဖြစ်လာသမျှ အကြောင်းစုံကို ပြောပြလိုက်တော့ ခြောက်ဦးစလုံး၏ လက်တီးများက တင်းခနဲ။မျက်နှာသည်လည်း ချက်ခြင်းပင် ခက်ထန်သွားခဲ့သည်။

"ဂျောင်ဂု ယောင်းလေးကို အခန်းထဲခေါ်သွား...."

ဟိုဆော့၏အပြောကို ဂျောင်ဂုခေါင်းငြိမ့်ပြပြီး ထယ်ယောင်းကို ပွေ့ချီကာ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။တစ်ချက်တစ်ချက်ရှိုက်သံကြောင့် ဂျောင်ဂု၏ ဒေါသသည်တစ်စတစ်စ ကြီးထွားလာသည်။ထယ်ယောင်း အနားရှိလို့သာ ဒေါသကိုထိန်းသိမ်းထားပုံ။

"နာနေသေးလား ယောင်းငယ်..."

"နဲနဲနာတယ် ဂျောင်ဂု...."

ခြေခြင်းဝတ်ကို ဆေးလူးပေးရင် ဂျောင်ဂုမေးမိတော့ ရှိုက်သံ‌ဖြင့်ဖြေလာသော ယောင်းငယ်။ယောင်းငယ်ရဲ့ ခန္ဓာကိုယ်ပေါ်ခြစ်ရာမရှိအနာတရမရှိအောင် သူပိုးမွှေးသလိုမွှေးထားသော ယောင်းငယ်ကို ထိရက်တယ်။ယောင်းငယ်နာကျင်တာထက်ဆိုးတဲ့ နာကျင်မှုကို ခံစားရဖို့သာ ပြင်ထားပေတော့။

"ခဏလောက် အနားယူလိုက်အုံး ယောင်းငယ်။ထမင်းစားချိန် လာနိုးမယ်....."

MineWhere stories live. Discover now