*4*

1.9K 176 12
                                    

(Unicode)

"တစ်ခြားလူတွေကျ Daddyတစ်ယောက်ပဲရှိပြီး ယောင်းဆီမကျ ဘာလို့Daddyခြောက်ယောက်တောင်ရှိနေရတာလဲ....."

လက်ခြောက်ချောင်းထောင်ပြီး မေးခွန်းထုတ်လာသော ထယ်ယောင်း။

"အဲ့တော့ ပိုမကောင်းဖူးလား ယောင်းငယ်ရဲ့။daddyတစ်ယောက်ထဲရှိရင် ကိုယ်လိုချင်တာလေးပိစိလေးပဲရမယ်။daddyအများကြီးရှိတော့ ကိုယ်လိုချင်တာရှိသလောက်ရမယ်။အားလုံးထက်သာတဲ့ ချစ်ခြင်းမေတ္တာတွေကိုညdaddyခြောက်ယောက်ဆီကနေတစ်ပြိုင်နက်ထဲအပြည့်အဝရမယ် ဘယ်လောက်ကံကောင်းလဲ......"

ဂျီမင်အပြောကို စိတ်ဝင်တစ်စား တစ်လေးတစ်စားဖြင့် နားထောင်နေသော ထယ်ယောင်း။

"ဒါဆို ထယ်ယောင်းဆီမှာ မာမီခြောက်ယောက်ရှိတယ်ပေါ့နော်။ဘယ်မှာလဲ မာမီခြောက်ယောက်က...."

"ယောင်းငယ်လေး ကိုယ်ထဲမှာနေပြီ မာမီခြောက်ယောက်က ယောင်းငယ်လေးကို စောင့်ရှောက်နေတာ....."

သွား မသိဖူး။ယောင်းငယ်လေးလဲ မေးချင်တာမေး။သူလဲဖြေချင်တာဖြေမယ်။

"ယောင်းငယ် ကိုယ်ထဲဘယ်လိုလုပ် မာမီတွေအားလုံးတစ်ပြိုင်နက်ထဲ ရောက်သွားတာလဲဟင်...."

မျက်လုံးအဝိုင်းသားဖြင့် ပြန်လည်မေးခွန်းထုတ်လာသော ထယ်ယောင်းကြောင့် ဂျီမင်မှာအဖြေခက်သွားရသည်။ယောင်းငယ်ကို သူတို့အားလုံးမိဘမဲ့ဂေဟာကနေ ခေါ်ယူမွေးစားထားသည့်အကြောင်း မပြောချင်လို့ ပြီးပြီးရော ဖြေချင်ရာဖြေလိုက်ကာမှ ကိုယ့်ရှူးကိုယ်ပြန်ပတ်ရသည့်အဖြစ်။

"အယ် အဲ့တာကလား။ယောင်းငယ်သိချင်ရင် Daddy နမ်ဂျွန်ကိုသွားမေးချည်...."

"ဟုတ်...."

လှုပ်တုတ်လှုတ်ဖြင့် ပြေးဆင်းသွားသော ထယ်ယောင်း။ထိုမှသာ ဂျီမင်မှာ အသက်ရှူချောင်တော့သည် မဟုတ်ရင် အဲ့စကားနဲ့တင်‌တိုင်ပတ်နေပြီး ထယ်ယောင်းစိတ်ကောက်တာကို ခံရနိုင်သည်လေ။

"ဒယ်ဒီဂျွန် ဒယ်ဒီမင်ကပြောတယ် ယောင်းငယ် ခန္ဓာကိုယ်ထဲမှာ မာမီခြောက်ယောက်ရှိတယ်တဲ့။အဲ့မာမီခြောက်ယောက်က ဘယ်လိုလုပ်ပြီး ယောင်းငယ်ခန္ဓာကိုယ်ထဲဝင်သွားတာလဲဟင်...."

MineWhere stories live. Discover now