*13*

1.6K 143 9
                                    


(Unicode Version....)

"ပတ်ဂျီဟွန်း ငါ့ကလေးကို အတတ်ကောင်းတွေ သင်ပေးနေတယ်ပေါ့....."

ခပ်စူးစူးကြည့်ပြီး သွေးအေးစွာ မေးလာသော Devilအငယ်ဆုံးလေး ဂျောင်ဂုကြောင့် ဂျီဟွန်းမှာ ထို‌င်နေရင်းနဲ့ ဒူးပင် တုန်လာရသည့်အဖြစ်။

ဂျီမင်ဟျောင်းကိုတော့ သိပ်မကြောက်ပေမယ့်လို့ ဂျောင်ဂုဟျောင်းကိုတော့ အတော်ကြောက်ပါသည်။အတော်မှ တော်တော်ဆိုးဆိုးဝါးဝါးကို ကြောက်ပါသည်။

"မသင်...."

"မသင်ရင် ငါ့ကလေးက အဲ့စကားတွေ ဘယ်နားကတတ်တာလဲ...."

စကားတောင်မဆုံးသေး စားပွဲကို လက်ဖြင့်ရိုက်ချကာ ပြောလာသော ဂျောင်ဂုဟျောင်းကြောင့် ခန္ဓာကိုယ်ပင် တုန်တတ်သွားခဲ့ရသည့်အဖြစ်။

"ဟိုဟာလေ...."

"အေး ဘယ်ဟာလဲ ‌ပြော...."

"အဲ့စကားကလေ ကျွန်တော် လုံးဝမသင်ပေးထားပါဖူး။ဟို videoက သင်ပေးတာဖြစ်မယ်...."

"အဲ့vedioကို မင်းထည့်ပေးမှတော့ မင်းသင်ပေးတာမဟုတ်လို့ ဘယ်သူဖြစ်အုံးမှာလဲ ပတ်ဂျီဟွန်း...."

သူ့ပါးစပ်ကပြောမှ သူသင်ပေးတာဖြစ်မှာပေါ့ လို့ပြောချင်ပေမယ့် မပြောရဲ။ဂျောင်ဂုဟျောင်း ဒေါသထွက်လာရင် မိုးပြိုတာထက်တောင် ကြောက်ဖို့ကောင်းသည်လေ။အဲ့တော့ နှုတ်ဆိတ်နေလိုက်တာ အကောင်းဆုံးပင်။

"ဒီတစ်ခါနောက်ဆုံးဖြစ်ပါလေးစေ ပတ်ဂျီဟွန်း။ပြီးတော့ ဒီနေ့ယောင်းငယ် ကျောင်းမတတ်ဖြစ်ဖူး...."

"ဟုတ် ဟုတ်ကဲ့....."

သွားဖြီးပြကာ ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြလာသော ပတ်ဂျီဟွန်း။မျက်လုံးထဲ နှောက်လာတာနှင့် ထွက်သွားရန် လက်ဖြင့်အမူအရာပြလိုက်တော့ ဦးညွတ်ကာ မြောက်ကြွမြောက်ကြွထွက်သွား‌ေလရဲ့။

သူ၏ အဖြစ်မှာလဲနော် ယောင်းငယ်မှမဟုတ်ရင်  ကျန်လူများ သူ့မျက်လုံးထဲ ကန့်လန့်။တစ်စက်မှကြည့်လို့ကိုမရ။ပတ်ဂျီဟွန်းတောင် ကလေးငယ်၏ သူငယ်ချင်းမို့ သည်းခံနေရခြင်း။မဟုတ်လို့ကတော့ အမှုန့်ကျိတ်ပြီးတာကြာပြီ။ပြောင်ဆက်ဆက်နိုင်ချက်က နိုင်းပလပ်ပင်။တော်သေးသည် ယောင်းငယ်လေးက သူ့ဓာတ်ကူးမလာခြင်းမို့။

MineWhere stories live. Discover now