*16*

1.3K 109 6
                                    

တစ်ပတ်ရှိပြီ ။ ဒယ်ဒီဂုဂီ သူ့နားကထွက်သွားဝာာ။ အရိပ်အယောင်တောင် မပြောနဲ့ ဖုန်းတစ်ချက်လေးတောင် မဆက်သော ဒယ်ဒီ။

နေနိုင်လွန်းလိုက်တာလို့လဲ မဆိုရက်။ဒယ်ဒီဂုဂီဟာ သူ့အပြော တစ်ခွန်းဆို တစ်ခွန်းတိုင်းလုပ်တတ်တာကို သူမေ့သွားခဲ့တာ။ခုတော့ဖြင့် သူ့မှာ ဒယ်ဒီကို အလွမ်းတွေ တပွေ့တပိုက်ကြီးဖြင့် လွမ်းနေရပြီ။

အချစ်ကပေးတဲ့ အလွမ်းဟာ နာကျင်စရာကောင်းမှန်းသာသိခဲ့ရင်  သူ ဒယ်ဒီကို ထိုသို့ပြောခဲ့မှာမဟုတ်။အခုတော့ ဒယ်ဒီရယ် နှလုံးတစ်ချက်ခုန်တိုင်း ရင်ဘက်ကလဲ စူးကနဲနာကျင်နေရပြီ။

ဒီတစ်ကြိမ်တော့ ကျွန်တော့်စကားကို လျစ်လျူရှုပြီး အနားကိုပြန်လာခဲ့ပါလား ဒယ်ဒီရယ်။ ဒယ်ဒီမရှိတဲ့ ညနဲ့မနက်တွေဟာ ခြောက်ကပ်ပြီး အေးစိမ့်နေတာမို့ပါ။

"ထယ်ယောင်း ငါခေါ်နေတာကြာပြီ ဘာတွေ တွေးနေတာလဲ......"

"ဟင်...."

စိတ်နဲ့လူမကပ်သော ထယ်ယောင်းကြောင့် ဂျီဟွန်း သက်ပြင်းအသာ ချမိလိုက်သည်။

"မင်း ဖြစ်နေတာတွေ ငါ့ကိုရင်ဖွင့်လို့ရတယ် ထယ်ယောင်း ။ ငါက မင်းသူငယ်ချင်းလေ......"

"ဒယ်ဒီဂုဂီကို တွေ့ချင်တယ် ။ ဒီဘက်တစ်နေရာကလဲ အရမ်းအောင့်နေတယ် စူးကနဲစးကနဲ...."

"ဂျောင်ဂုဟျောင်း ဘယ်မှာ ရှိလဲမသိပေမယ့် ဒီချိန်ဆို companyမှာပဲရှိလောက်တယ် ငါတို့ သွားကြမလား...."

ခေါင်းအသွင်သွင်ငြိမ့်ပြလာသော ထယ်ယောင်းကြောင့် အတန်းပျက်ရန် နှစ်ယောက်သားဆုံးဖြတ်လိုက်ကြသည်။

"ထယ်ယောင်း....."

အတန်းပြင်အရောက် ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ သူ့လက်ကိုတတ်နှင်းသွားသော ကျောင်းသူတစ်ဦးနဲ့ကျောင်းသားသုံးဦးဖြစ်လို့နေသည်။

လေးဦးသား ချိုင်းထောက်ကိုယ်စီဖြင့်ဆိုတော့ ကြည့်ရတာ ဒယ်ဒီဂုဂီ ခြေထောက်ကိုရိုက်ချိုးထားပုံပင်။

"ငါတို့တောင်းပန်ပါတယ် ထယ်ယောင်း...."

တောင်းပန်စကားဆိုလာသော သူတို့လေးဦးကို ခေါင်းအသာငြိမ့်ပြရင်း ထွက်လာခဲ့လိုက်သည်။ခုချိန်မှာ ဒယ်ဒီဂုဂီကို တွေ့ရဖို့ထက် ဘယ်အရာမှအရေးကြီးမနေပါ။

MineWhere stories live. Discover now