(Unicode Ver.... )
"ဆောင်းဟို အဆင်ပြေလား...."တစ်ပတ်ကြာကြာပျောက်သွားသော ဆောင်းဟိုသည် ပြန်ရောက်လာတော့လဲ မျက်နှာမှာအတော်လေးငြိုးနွမ်းနေသလို မျက်ကွင်းများသည်လည်း အကွင်းလိုက်ညိုမဲနေပြီး မျက်ကွင်းဟောက်ပတ်ဖြစ်လို့နေသည်။
သူမေးသည်ကို ခေါင်းအသာငြိမ့်ပြပြီး အခန်းထဲဝင်သွားသော ဆောင်းဟိုနောက်ကို သူလိုက်လာခဲ့လိုက်သည်။ အမြဲတမ်းမာကြောခက်ထန်နေသော ဆောင်းဟိုက မျက်နှာညိုးနေသည်ဆိုတည်းက သူတစ်ခုခုဖြစ်နေတာ သေချာနေပြီမလား။
"ဆောင်းဟို ဘာဖြစ်လာတာလဲ...."
ပြန်မဖြေပဲ နံရံကိုသာ တွေတွေကြီးကြည့်နေသော ဆောင်းဟိုကြောင့် စိုးရိမ်စိတ်တို့က တစ်စစ မြင့်တတ်လို့လာသည်။
"ဆောင်းဟို ငါက မင်းသူငယ်ချင်းလေ။မင်းဘာပဲဖြစ်ဖြစ် ငါ့ကိုပြောလို့ရတယ်....."
ထိုသို့ဆိုတော့ သူ့ကို တွေတွေလေးကြည့်လာသော ဆောင်းဟို။
"ဘာဖြစ်လာတာလဲ ပြော။စိတ်ထဲပေါ့သွားအောင်...."
"မင်ဆော့....."
"အွန်း ဆောင်းဟို ပြော...."
"ငါလေ ဘာဆက်လုပ်ရမလဲ...."
"ဘာကိုလဲ....."
"ငါ့အတွေးထဲမှာ အဲ့တာကို ငါဖျောက်လို့မရဖူး ငါဘာလုပ်သင့်လဲ မင်ဆော့....."
ရှိုက်ကြီးတစ်ငင်ငိုကာ ပြောလာသော ဆောင်းဟိုကို သူဖက်ကာ ကျောပြင်ကိုအသာလေး ပုတ်လိုက်သည်။
"ငါလေ မင်းပြောစကားကို နားထောင်လိုက်ရင် ခုလိုဖြစ်မယ်မထင်ဖူး မင်ဆော့ရယ်...."
ဆောင်းဟိုစကားကြောင့် မင်ဆော့သက်ပြင်းအသာ ချလိုက်သည်။ဂျွန်ထယ်ယောင်းကိုသွားမထိဖို့ ငါပြောခဲ့သားပဲ ဆောင်းဟိုရယ်။မင်းကမှ မယုံတာ။
"ဘာတွေဖြစ်ခဲ့တာလဲ ပြောပြ ဆောင်းဟို။မင်း ဘာပဲဖြစ်နေနေ ငါက မင်းနားမှာပဲအမြဲရှိနေမှာလေ....."
သူဆိုတာ သူ့ကိုပြန်ဖက်ပြီး ထပ်မံရှိုက်ကြီးတစ်ငင်ငိုချလာပြန်သော ဆောင်းဟို။