*2*

2.2K 211 7
                                    

(Unicode)
"ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ အကိုဂျီမင်..."

"ဟုတ်တယ် ထိုင်အုံးဂျီဟွန်း...."

"အကိုခုပြောမှာက ခိုင်းစရာဆိုတာထက် အကူညီတောင်းစရာရှိလို့....."

"ဟုတ် အကိုဂျီမင်ပြောပါ။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကူညီပါ့မယ်....."

"ကိုယ်ကြားထားတာ ဂျီဟွန်းက ပထမနှစ်နဲ့တင် ကျောင်းကို တစ်ပိုင်းတစ်စနားတယ်ကြားထားတယ် ဟုတ်လား...."

"ဟုတ်ကဲ့ ကျွန်တော်နားထားပါတယ်...."

"ဒါဆို ခုအလုပ်ကိုရပ်ပြီး ကျောင်းပြန်တတ်။ကျောင်းစရိတ်၊နေစရိတ်နဲ့စားစရိတ်တွေအကုန်လုံး ကိုယ်တို့ဘက်က အကုန်အကျခံမယ်။ဂျီဟွန်း လုပ်ပေးရမှာက တစ်ခုပဲ...."

"ဟုတ်ကဲ့ပြောပါ...."

"ထယ်ယောင်းလေးကို ကာကွယ်ပေးရမယ်။ပြီးတော့ ထယ်ယောင်းကျောင်ူမှာဖြစ်ပျက်ခဲ့သမျှ တစ်ခုမကျန် အကုန်ပြန်ပြောပေးရမယ်...."

"ဟုတ်ကဲ့ အကိုဂျီမင်ပြောတဲ့အတိုင်းဖြစ်စေရပါမယ်...."

"‌ဒါဆို ခုစံအိမ်ကိုသွားလိုက်..."

"ဟုတ်ကဲ့ ခွင့်ပြုပါအုံး..."

အကိုဂျီမင်ကို နှုတ်ဆက်ပြီး ဂျီဟွန်းCompanyမှထွက်လာခဲ့လိုက်သည်။သူ့ဘဝရဲ့အခက်ခဲဆုံးအချိန်မှာ အကိုဂျီမင်နဲ့စတွေ့ခဲ့သည်။နောက်ပိုင်း အကိုဂျီမင်ကျေးဇူးကြောင့် Devil Group မှာအလုပ်လုပ်ခွင့်ရခဲ့ပြီး သူ့ဘဝအဆင်ပြေလာခဲ့သည်။

ကျေးဇူးဆပ်ခွင့်ရမည့်အချိန်ကို သူစောင့်နေခဲ့တာ။ခုတော့ အချိန်ကျလာပြီထင်ပါရဲ့။အချိန်ကျမယ့်ကျတော့လဲ မဟာအခွင့်အရေးနဲ့ပါတွဲလျက် ကျေးဇူးဆပ်ခွင့်ရတော့သည်။

Company ကအပြန် စံအိမ်သို့ ဂျီဟွန်းရောက်ခဲ့တော့ အကိုဂျောင်ဂုနှင့်တွေ့သည်။တည်တင်းနေသော မျက်နှာထားကြောင့် နည်းနည်းတော့ ရှိန်သွားမိတာအမှန်။Devilရဲ့အငယ်ဆုံးကို ခုမှတွေ့တာလဲ ပါမည်။

"ယောင်းငယ် မနက်ဖြန်ကစပြီး ယောင်းနဲ့တူတူ ကျောင်းသွားမယ့် ပတ်ဂျီဟွန်း...."

"အာညော် ကင်ထယ်ယောင်း အာဟုတ်ဖူး ဂျွန်ထယ်ယောင်းပါ...."

"အာညော် ပတ်ဂျီဟွန်းပါ..."

MineWhere stories live. Discover now