*11*

1.6K 143 2
                                    


(Unicode Version)

"ဒယ်ဒီဂုဂီကော ဒယ်ဒီဂီ....."

"အရေးကြီးကိစ္စရှိလို့ အပြင်သွားတယ် ယောင်းလေးရဲ့...."

"ပြောတော့ ဘယ်ဟာမှယောင်းထက်အရေးမကြီးဖူးဆိုပြီး အခုကအရေးကြီးလာပြန်ပြီလား...."

လက်ပိုက်ကာ နှုတ်ခမ်းတစ်ထော်ထော်ဖြင့် ဆူပုတ်ပုတ်ပြောလာသော ထယ်ယောင်း။

"ဟေးဟေး ယောင်းငယ်လေး မငိုရဖူးလေ...."

စိတ်ထဲမှာလည်းဘာကိုဝမ်းနည်းလို့ ဝမ်းနည်းလာမှန်းမသိခင်မှာပင် မျက်ရည်ကပါးပြင်ထက်ကို ဦးစွာနေရာယူပြီးလေပြီ။လူက ငိုချင်နေပါတယ်ဆိုမှ ဒယ်ဒီမင်က မငိုရဖူးလေဆိုတော့ ပိုဆိုးကာ ရှိုက်သံထွက်သည်အထိကို သူငိုမိလိုက်သည်။

ဒယ်ဒီဂီကို အားနာပေမယ့်ခုချိန်မှာ ဒယ်ဒီဂုဂီကိုပဲ သူတွေ့ချင်သည်။ဒယ်ဒီဂုဂီချော့တာကိုပဲ သူခံချင်သည်။ဒီဝမ်းနည်းမှု‌‌ကြောင့် ဒယ်ဒီဂုဂီရဲ့ ပွေ့ဖက်မှုကို သူအရေးပေါ်လိုအပ်နေသည်။

"ဒယ်ဒီဂုဂီဆီလိုက်ပို့ပေး ဟင့်...."

"ခနနေ ပြန်လာတော့မှာလေ ယောင်းလေးရဲ့...."

"ဟင့်အင်း ခုပဲဒယ်ဒီဂုဂီရှိရာ လိုက်ပို့ပေး....."

ဟင့်အင်း သူခုပဲ ဒယ်ဒီဂုဂီကို တွေ့ချင်သည်။ပြန်လာတာကို မစောင့်နိုင်တော့သည်အထိကို သူ ခုချက်ခြင်းတွေ့ချင်သည်။ဒယ်ဒီကို မတွေ့ရရင် သူ့ရင်ဘက်ထဲသည် အောင့်တတ်တတ်ဖြင့် လုံးဝနေလို့မကောင်းပေ။

"Ok baby ဒယ်ဒီဂီလိုက်ပို့ပေးမယ် မငိုတော့ဖူးဆိုရင်ပေါ့....."

"ဟင့်အင်း ယောင်းငယ် ငိုတော့ဖူးနော်...."

မျက်ရည်တွေ ချက်ခြင်း ကဗျာကယာသုတ်ပြစ်သော ယောင်းငယ်။ဂျောင်ဂုနဲ့ သွေးနှောပြီးချိန်ကတည်းက ယောင်းငယ်သည် ဂျောင်ဂုကိုယခင်ထက် ပိုခင်သွယ်လာသလိုပင်။အင်း တိတိကျကျပြောရရင် ခုလိုမျက်စိအောက်ကအပျောက်မခံတော့သည်အထိပေါ့။

"ကျစ် နမ်ဂျွန်ဟျောင်းတို့ပဲ သွားတွေ့လိုက်လို့မရဖူးလား......"

တကယ်ပါ စိတ်လေတယ်။ထိုမိန်းမနဲ့ တွေ့ချင်စိတ်မရှိပါဖူးဆိုမှ ဟျောင်းတို့သည် တအားတွေ့ခိုင်းသည်။

MineWhere stories live. Discover now