With you forever💖( Part_11) Happy birthday our Kookie 🐰💜

366 24 2
                                    

Kim မိသားစု ပြန်ခါနီး Taehyungကိုလိုက်ရှာနေ၏။ တစ်အိမ်လုံးရောတစ်ခြံလုံးရော နှံ့နေပြီ အခုထိရှာမတွေးသေး။

Mr Kim_"ဟာ Taeလေးက ဘယ်ကိုရောက်နေတာလဲ စိတ်တွေလည်းပူနေပြီကွာ.."

Jin_"Appa စိတ်အေးအေးထားပါ..။အာလုံးလည်းကူရှာပေးနေကြပါတယ် ..။"

NJ_"Arr ကိုယ်တွေးမိပြီ Jin, .Jeon စံအိမ်ရဲ့ CCTVတွေကို လိုက်ကြည့်ရင် သိလိမ့်မယ် Taeလေးဘယ်မှာဆိုတာကို...။"

Mr.kim_"အာဟုတ်သားပဲ ..။အမြန်လုပ်လေလာ..။"

NamJoonတို့ CCTVတွေအကုန်ကို လိုက်ကြည့်ရာ...

Jin_"ဟင် အဲ့ဆို Taeက 😳"

NJ_"ဟာ ဘယ်လိုဖြစ်သွားကြတာလဲ..။Jung Kookနဲ့က အခု😳🤔"

Mr.kim_"ဟာ ကြာတယ်ကွာ..။Jung Kookအခန်းကိုသွားကြည့်မယ်" ဆိုပြီး Mr. Kim တစ်ယောက် ဒေါသထွက်တာရော အံ့ဩတာရောပါ ပေါင်းသွားပြီး Jung Kookရဲ့အခန်းကိုသွားလေသည်။

အကြောင်းမှာ..CCTVကို ပြန်ပြီးကြည့်တဲ့အခါမှာ Taehyungနဲ့ Jung Kook တစ်ယောက်နဲ့တစ်ယောက် နမ်းနေရင်းမှ Jeon စံအိမ်ထဲသို့ ဝင်သွားခြင်းကြောင့်ပင်..။

တစ်ပွဲလုံးက လူများလည်းထိုအကြောင်းကို စိတ်ဝင်စားလျက်ရှိနေသလို ဒေါသထွက်နေသောသူလည်းရှိသည်..။

ထိုသူကား Juliaပင်။

Ju_"ဟာ ငါဒီလောက်အကွက်ကျစီစဉ်ထားတာက်ု ။လွဲဖြစ်အောင်လွဲရတယ်လို့..။တောက်စ်...။ အခုတော့ ငါ့အပိုင်လို့တွက်ထားခဲ့တာက‌နေ
Kim Taehyungအပိုင်ဖြစ်ပြီပေါ့..။

JHOPEနဲ့ Sugaကတော့ Juliaတစ်ယောက် ဒေါသထွက်ပြီး ခံပြင်းနေတာကို အကြောင်းရယ် မသိပေမယ့် နားလည်၏။

ဘာကြောင့်ဆို JuliaကJung Kookကိုတစ်ဖက်သက်ကြိုက်နေတာ သိနေကြလို့ပင်..။

တစ်ဖက်မှာလည်း Mr. Kimတံခါးဖွင့်တဲ့အခါနား
မလည်ခြင်းများစွာနဲ့ မတ်တပ်ကြီးနဲ့တွေတွေကြီးရပ်နေမိ၏။

Nj_"Appa..Appa သတိထားပါဦး။ ဖြစ်သင့်တာကိုပဲ အကောင်းဆုံးဆုံးဖြတ်ပေးလိုက်ပါ Appa ..။ဒေါသကြီးရှေ့တန်းမတင်ပါနှင့်..။

သူ့ယောက်ခမအကြောင်းသိပြီးသားသူမို့ ပွဲမကြမ်းခင်ထဲက အရင် ဖျောင်းဖျထားခြင်းပင် ..

ဒေါသကလည်းထွက်ခြင်းစရာပင် ။ Taehyung နဲ့ Jung Kookမှာ အပေါ်ပိုင်း ဗလာနဲ့နှစ်ယောက်သား ဖက်အိပ်နေခြင်း မြင်ကွင်း ကြောင့်ပင်။

MR.Kim _" Yarr .Kim Taehyung ။ အခုချက်ချင်းထစမ်း"ဆိုပြီး ဘေးနားရေဘူးကရေနှင့်ပတ်ပြီး နှိုး‌၏။

Tae_"ဟင် ဘယ်လိုဖြစ်လို့နှိုးနေတာလဲ ..။အိပ်ကောင်းနေပါတယ်ဆိုမှ"ဆိုပြီး နှုတ်ခမ်းကြီးထော်ပြီး မျက်နှာကြီး ဆူပုတ်စွာနဲ့ထလေ၏ ။

ထသောအခါ သူ့ဘေးနားက မျက်နှာရူးက သူ့ကိုဖက်အိပ်နေတာ ။ "ဟင် ဘာတွေဖြစ်ကုန်တယ်ဆိုပြီး" သူ့ Appa,ကို မေးဖို့မော့အကြည့်..

မျက်နှာထောက်ကြီးနဲ့ကြည့်နေသော App . စိတ်ပူလွန်ပြီး သနားသောအကြည့်နဲ့ကြည့်နေသော အစ်ကို Jinနဲ့ NamJoon။

သူတို့ကိုကြောက်ပြီး ဘေးနားကိုကြည့်တော့ အသံတွေကြောင့် နိုးလာပြီး အိပ်ချင်မူးတူးနဲ့ အကြည့်နဲ့ သူ့ကို အံ့ဩတဲ့အကြည့်နဲ့ ကြည့်နေတဲ့ မျက်နှာရူးကောင်..။

ဒီနေ့တော့ Kim Taehyungတစ်ယောက် ကံမကောင်းပါလားနော်

_______With you forever 💖🐻🐰____

Happy birthday our Kookie 🐰💜
မွေးနေ့မှစပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေ 💝
ဒီနေ့အပိုင်းကတိုသွားတယ် မနေ့ကupမလို့ကို liveလာနေတာနဲ့မအပ်ဖြစ်တာပါ။

Booရဲ့wishလေးကိုစောင့်နေပါတယ်လို့🥺

အကောင်းဆုံးကြိုးစားလျက် ..Chan💜
Thanks for reading ❤️
Love you all readers ♥️✨

With you forever 💖 { Completed }Where stories live. Discover now