With you forever 💖 ( Part _21)

255 23 3
                                    

ထယ်ယောင်းတစ်ယောက်နိုးလာတဲ့ မနက်ခင်းတွေထဲမှာ ဒီမနက်ခင်းကို မထချင်ဆုံးပင်...။

ရုတ်တရက်ထထိုင်လိုက်ရာ အောက်ပိုင်းနာကျင်မှုကသေမတတ် ..။

"အာ နာလိုက်တာကွာ .."

ဆိုပြီး ညည်းညူရင်း
ဘေးမှာ အိပ်နေတဲ့ ငနဲကောင်ကိုလည်း
မျက်စောင်းခပ်နာနာထိုးရင်း ကျိန်ဆဲနေ၏..။

အုန်းသီးကောင်ပြောတော့ ငါ့သဘောတဲ့ အပေါ်မှာနေတဲ့...။
တကယ်တမ်းနေတော့သူ က အပေါ်က ...။
အိပ်နေလိုက်တာလေးကလည်း အပြစ်ကင်းစင်တဲ့ကလေးလိုလို ညကကြမ်းတာ သူမဟုတ်တဲ့အတိုင်း..။

ဟူးး ကင်မ်ထယ်ယောင်းတို့တော့ ယောင်္ကျားရ ကံဆိုးတာပဲ..,.။

တစ်ယောက်တည်းညည်းညူရင်း  ရေချိုးပြီး မနက်စာစားဖို့အတွက်ပြင်ဆင်ရန် အောက်ထပ်ကိုဆင်းလာခဲ့သည်...

မနက်စာသာပြောတယ် အခု နေ့လည်၁နာရီတောင်ထိုးနေပြီ..။

အဒေါ်ကြီးတွေကလည်း မနက်ဖြန်မှ လာမယ်ဖြစ်သည့်အတွက် သူကိုယ်တိုင်ပင် ပြင်ဆင်ရတော့မည်..။

မီးဖိုချောင်ကလည်း ပစ္စည်းတွေအပြည့်ပင်မို့ .. ။
ထယ်ယောင်း အပြင်ထွက်ဝယ်စရာမလိုပေ..။

သူလုပ်တတ်သလို ကြက်ဉလိပ်နဲ့ ထမင်းပေါင်း လုပ်ပြီးသည့်အခါ

ဆင်းလာပါပြီ အုန်းသီးကောင် ..။

အခုမှ နိုးတယ် ထင်ပါ့ မျက်နှာတော့သစ်ပြီးပြီထင်တယ်

တော်သေးတယ် နှစ်ယောက်စာလုပ်ထားလို့...

စေတနာရှိလို့တော့ ပိုလုပ်ထားတာမဟုတ်ဘူး..။

အိမ်မှာ ရှိတာမှ နှစ်ယောက်တည်း ..!!

မလုပ်ပေးလို့ ဟိုအုန်းသီးကောင်ရဲ့ အသံကိုကြားရဦးမယ်လေ ...။

ဟူးးးး ငါလေး တကယ်ပါပဲ ..။

ဂျောင်ကုအောက်ဆင်းလာတော့ ထမင်းစားပွဲမှာ ဟင်းတွေချနေသော ထယ်ယောင်းကိုတွေ့လေ၏..။

အမယ် Hyungက ငါ့အတွက် လုပ်ပေးနေတာပေါ့လေ ..။

သဘောကျတဲ့သူပီပီ ထယ်ယောင်းကိုကြည့်ပြီး တပြုံးပြုံးနဲ့ ရင်တွေလည်း အရမ်းခုန်နေသည်..။

With you forever 💖 { Completed }Donde viven las historias. Descúbrelo ahora