နှစ်ယောက်လုံး ပွင့်လင်းလာပြီးတဲ့နောက်ပိုင်း
သူတို့ရဲ့ အိမ်ထောင်ရေး သာမာန်တွေထက် ပိုပြီးသာယာလျက်ရှိသည် ..။ရန်ဖြစ်လိုက် ပြန်ချော့လိုက်နဲ့ အချစ်စမ်းနေကြတာပေါ့...
ထယ်ယောင်းကို ချေမိုးတယ်လို့ထင်ရပေမယ့်
သူရဲ့အတွင်းစိတ်လေးဖြစ်တဲ့ ချစ်စရာအပြူအမူတွေလည်း တဖြည်းဖြည်း ဂျောင်ကုကို ပြလာပြီ
ပိုပြီး ချွဲလာသလို ရစ်တတ်လာပြီ ...
သူလိုချင်တာ ရှိရင် မျက်လုံးလေးပေကလတ်နဲ့ နှုတ်ခမ်းလေးထာ်ပြီး ချွဲသေးတာ
သူ့ကိုများ ဆူလိုက်ပြီဆို မျက်ရည်လေး ဝိုင်းပြီး အသနားခံကြည့်နေတာ
သူသာမှန်ပြီ စိတ်ဆိုးနေပြီ ဆို
မျက်နှာကြီး ချီပြီး ဆူပုတ်ကာ ထိုင်နေတတ်သေးတာ လေ ...။ဆျာဂျောင်ကြီးက အဲ့အပြူအမူလေးတွေကို သဘောကျမဆုံးဖြစ်နေတာပေါ့ ..။
ကျွန်တော်တင်မဟုတ်ဘူး ဂျောင်ကုလည်း အရင်လို Hyung သဘောဆိုပြီး မဟုတ်တော့ဘူး
အရမ်းကို သူနဲ့ပတ်သတ်ရင် sensitive ဖြစ်လွန်းပြီး သူ့အပိုင်ဆိုတဲ့ သဘောနဲ့ အရာရာကို ခြယ်လှယ်နေတာ ..။
ထယ်ယောင်းကလည်း အဲ့လိုကိစ္စမျိုးတွေနဲ့
ဂျောင်ကုနဲ့ ဖက်ပြီး စကားမများတော့ ..။ဟိုတစ်နေ့ စကားများ ရန်ဖြစ်ပြီးတည်းက အခုထိ ကောက်နေတဲ့ ဂျောင်ကုကြီးကြောင့်ပေါ့..
Taehyungie က နာမည်ကျော် ဒီဇိုင်နာဖြစ်သည့်အတွက် CELINE ပွဲအတွက် ဖိတ်ကြားခံရသည် ..။
အဲ့ညမှာပဲ
အဲ့တာကို ဂျောင်ကုကိုပြောပြလိုက်တော့"သွားပေါ့ မောင့်ရဲ့ယောင်းက အရမ်းတော်လို့.. ဖိတ်ကြားခံရတာ သွားပေါ့ ..!!
မောင်တောင်ဂုဏ်ယူတယ်...'' တဲ့
လို့တောင် ပြောတယ်နောက်နေ့ နေ့လည်ရောက်တော့ ချက်ချင်း ထယ်ယောင်းရဲ့ဆိုင် ရုံခန်းထဲ ရုတ်တရက် ဝရုန်းသုန်းကား ရောက်လာတာမို့ ...
ထယ်ယောင်းလန့်ကာပင် ထိုင်နေရင်း မတ်တထရပ်မိသည့်အထိ ..။
"ယောင်း အဲ့ fashion show ဆိုတာကို မသွားနဲ့တော့..!!!.
မသွားနိုင်ဘူးလို့ ပြောလိုက် ...!! ကြားတယ်နော် ယောင်း .!!!! "
ESTÁS LEYENDO
With you forever 💖 { Completed }
Romanceသူများတွေ ပင်လယ်ကြီးက ဘယ်လောက်ကျယ်သလဲဆိုတာ ခန့်မှန်းလို့ရချင်ရမယ် ဒါပေမယ့် ..... ကိုယ် မင်းကို ချစ်တာတော့ ခန့်မှန်းလို့မရနိုင်ဘူး ဘာလို့ဆို ကိုယ်က အဆုံးအစမရှိချစ်တာမို့လေ...။