Part _29 💖

236 25 1
                                    

ဂျောင်ကု တစ်ယောက် အခုထိ အိမ်ကိုမပြန်သေးပေ.. .။

ပြန်ရင်လည်း ထယ်ယောင်းကိုမြင်ပြီး ဒေါသထွက်ရင် အဆိုးဆုံးအခြေအနေတွေ ဖြစ်မှာစိုးသည့်အတွက် ပြန်ချင်စိတ်ကို မရှိပေ..။

ကုမ္ပဏီမှာပဲ တစ်နေ့ကုန်နေ ရုံးခန်းမှာပဲ အိပ်တယ် အပြင်မှာဖြစ်သလိုစားလိုက်တယ်

စကားနားမထောင်တဲ့ ကင်မ်ထယ်ယောင်းကို
အပီအပြင်စိတ်ဆိုးနေတာအမှန်ပင် ..။

ခွင့်တောင်းတော့ သွားခိုင်းတာ သူပင်ဖြစ်ပေမယ့်
ဘိုဂွမ်ပါပါမည်ကို သူ့ကိုပြောမသွားတဲ့အပြင် အဆိုတော် လီဆာတို့နဲ့ပဲ အတူတူလေယာဉ်စီးသွားရမယ်ယ် ဆိုတာလည်း ကြားရော

လူရဲ့သဝန်တိုစိတ်က ထူပူသွားပြီး ထယ်ယောင်းကိုပြသာနာ ရှာမိသည်..။

ထယ်ယောင်းကလညိး အစွာပီပီ ပြန်ပြောနေတာ..

ပြန်ပြောတာ ကိစ္စမရှိပေမယ့် သူ့ရဲ့

"မင်းကပဲ အရာအာလုံးခြယ်လှယ်နေလို့မရဘူး"

ဆိုတဲ့စကားက ပိုပြီး ဒေါသထွက်ဝမ်းနည်းစေတာအမှန် ..။

ကင်မ်ထယ်ယောင်း မင်းက လူယောင်ဆောင်တဲ့ နတ်သားလို $ရမ်းချောမော လှနေတာ မသိဘူးလား!?

ဖြစ်နိုင်ရင် မင်းကို လှောင်အိမ်ထဲက ငှက်လေးလိုပဲ ငါ့အပိုင်လေးဖြစ်တဲ့ မငိးကိုလည်း အဲ့လိုလေး သိမ်းထားချင်တာ   ....

လို့‌ ပြောချင်ပေမယ့်

ဘာတစ်ခွန်းမှ ထွက်မလာခဲ့ဘူး ...။

ပိုဆိုးတာက ဟိုရောက်ပြီလို့ သတင်းကြားတော့လည်း ..

Model တွေနဲ့ ရောအခြားအနုပညာရှင်တွေနဲ့ပါ ပူးကပ်ထားတဲ့ ဓါတ်ပုံတွေက မီဒီယာတစ်ခွင်မှာ ပျံ့နှံ့လို့...။

အဲ့ဓါတ်ပုံ‌တွေမြင်နေရတဲ့ ဒီကောင်ရင်ဘတ်မှာ စုတ်ပြတ်လို့  နေတာကိုလည်း ကင်မ်ထယ်ယောင်းသိမှာ မဟုတ်ဘူး ..။

သူလုပ်ချင်တာ လုပ်ဖို့နဲ့ ပြန်ပြောဖို့ပဲ တတ်တယ် .

ထယ်ယောင်းမင်းပြန်လာနေပြီဆို ..
ငါ့ကိုရအောင်ချော့ပေတော့ ...။

With you forever 💖 { Completed }Dove le storie prendono vita. Scoprilo ora