With you forever💖 Part _18

226 18 0
                                    

မယုံနိုင်စရာ အဖြစ်အပျက်ကြီးကမထင်မှတ်ပဲ ပေါ််လာခဲ့ သည်...

အဝေးကကြည့်ရင်တောင် သိသာလွန်းသည်.. .။

သူက ...!!? ဆိုတာ...

ဟင် မျက်လုံးမှေးမှေးနဲ့ ဆူပုတ်"ဖြစ်နေတဲ့ကောင်လေးက ..!!

Jiminieeလား!!?

ထယ်တစ်ယောက် တကယ့်ကို မထင်မှတ်ပဲတွေ့ရတဲ့ ကောင်လေးကြောင့် အံ့ဩဝမ်းသာပြီးကြောင်ကြည့်နေစဉ် ...

အဲ့ကောင်လေးကလည်း အံ့ဩသော မျက်လုံးသေးသေးလေးဖြင့် ကြည့်နေစဉ်...

ထယ်ယောင်းတစ်ယောက် ရုတ်တရက်မို့ လန့်ကာ မေ့လဲသွားသည်...။

ဂျောင်ကု ဘာမှကိုနားမလည်လိုက် ကြောင်နေခဲ့ပြီး
နောက်မှ Min Yoongi၏ အမျိုးသားဖြစ်သူက

ရုတ်တရက် သူ့လက်ထဲက ထယ်ယောင်းကို ပြေးပွေ့ကာ ..

"ထယ်ယောင်း ..!!ထယ် .. !!သတိထားပါဦးနော် .."

စိုးရိမ်နေသော အမူအရာဖြင့် အိမ်ထဲကို ပွေ့ခေါ်သွားသည်..။

ကြောင်ပြီး ကျန်နေခဲ့တဲ့ ဂျောင်ကုရော ယွန်းဂီရော

လိုက်သွားကြ၏..။

တော်သေးတာ တစ်ခုက ဂျောင်ကု ကသူ့ငယ်ချင်း မင်ယွန်းဂီ ဆီ သွားနေစဉ် ..

ပွဲပြီးခါနီးမို့ ပြန်ကြတဲ့သူတွေက အသီးသီး လာရောက်နှုတ်ဆက် ဂုဏ်ပြုနေတာနဲ့
အချိန်က ပွဲပြီးမှသာ

ယွန်းဂီတို့ဘက်သွားနိုင်ခဲ့၏..။

အခုလည်း ပွဲကိုသိမ်းဆည်းနေတဲ့ Jeonအိမ်တော် အလုပ်သမားနဲ့ အခြားရင်းနှီးတဲ့ စီးပွားရေး မိတ်ဆွေ အနည်းငယ်သာ ကျန်တော့သည်

ထိုဧည့်သည်တွေကလည်း Kim အိမ်တော်နဲ့ Jeonအိမ်တော်က လူတွေ ပွဲကျနေတာကြောင့် သတိထားမိပုံမပေါ်..။

နို့မို့ဆို သတင်းစာထဲ ပါဦးမှာ ...။
တော်သေးတယ်ပြောရမယ် ...။

အိမ်ပေါ်ထက်က ဂျောင်ကုရဲ့အခန်းလေးထဲက ကုတင်ပေါ်မှာ သူငယ်ချင်း ၂ယောက် လွှတ်ထွက်မတက် ဖက်ထားပြီး

"ထယ်.. မင်းသိလား!? ငါမင်းကို ‌မ‌တွေ့တော့ဘူးတောင် ထင်နေတာ..။
အဆက်အသွယ်ကလည်းပျက်နဲ့ ငါမှာ သတိကိုရလို့
နောက်ပြီးမင်းသိလား! ? ငါ ဆိုးလ်ကို တက်လာတာကလည်းလေ မင်းကို ရှာ‌ဖို့ တက်လာတာ."

With you forever 💖 { Completed }Onde histórias criam vida. Descubra agora