With you forever 💖 (Part _24 )

222 23 0
                                    

အဒေါ်ကြီးတို့က "သခင်လေး အစ်ကိုလေး ငိုရင်း သတိလစ်သွားလို့‌"ဆိုပြီး ဖုန်းဆက်ပြောဝာာကြောင့်

ဂျောင်ကုကားကိုအမြန်ဆုံးမောင်းကာ အိမ်ကိုပြန်လာသည်..။

ကားအမြန်မောင်းလား မမောင်းလားဆို ခဏလေးအတွင်း ခြံရှေ့ရောက်သွားခဲ့ပြီ ..။

အိမ်ရောက်တော့ အဒေါ်ကြီးက

"အစ်ကိုလေးကို ခုနကပဲ ဆရာဝန် လာကြည့်ပေးပြီးသွားပြီ နှလုံးအားနည်းတာက ငိုလွန်းလို့ ရောဂါဖောက်လာတာတဲ့..။

သေချာဂရုစိုက်ပေးဖို့မှာသွားတယ်  ကြာရင် နှလုံးရောဂါဖြစ်လိမ့်မယ် တဲ့သခင်လေး "

"ဟုတ် ကျေးဇူးပါ အဒေါ်ကြီးတို့သာ မရှိရင် အဆိုးလေးတစ်ယောက်တည်းကို စိတ်မချနိုင်ဘူး ဗျာ "

ရည်"မွန်"ပြောလာတဲ့သခင်လေး ဒီစံအိမ်ပိုင်ရှင်ဆိုတာ ယုံနိုင်ဖွယ်မရှိ ...။
အရမ်းကို ယဉ်ကျေးလွန်းတယ် ..။

"အာ ရပါတယ်သခင်လေးကလည်း ..။"

"ဟုတ်ကဲ့ အဲ့တာဆို  ကျွန်တော်အပေါ်တက်တော့မယ် လိုတာရှိမှ လှမ်းမှာလိုက်မယ် "

"ဟုတ်သခင်လေး ဟုတ် .."

အဒေါ်ကြီးတို့ကိုကျေးဇူး စကားပြောပြီးတာနဲ့
အပေါ်ထပ်ကိုတက်လာခဲ့တော့ ..

နိူးနေပြီ ဖြစ်တဲ့အဆိုးလေး  ..။

သူဝင်လာတာမြင်တော့ ချက်ချင်းကို ကျောပေးပြီး လှည့်အိပ်ပစ်တာ

အော် ချော့ပေဦးပေါ့ ဂျောင်ကုရယ် ...။

ကိုယ့်ကိုယ်ကိုသာ အားတင်းရင်း အရစ်သန်အဆိုးလေးကို ချော့ရဦးမယ်

ထယ် .. ထယ်ယောင်း

"......."

"ထယ် ...ထယ်ယောင်းဂီးးး "

"......"

ဒီလောက်ခေါ်နေတာ လှည့်မကြည့်လာတဲ့ အဆိုးလေးကြောင့် စိတ်ကတော့နည်း"ချဉ်လာပြီ

အာာ ဖျက်ကနဲ သတိရလိုက်ပြီ
(လူယုတ်မာအပြုံးလေးနဲ့ )

"မက်မွန်သီးလေး ...
မောင့်ရဲ့တစ်ခုတည်းသော ‌မက်မွန်သီးလေးရေ "

With you forever 💖 { Completed }Donde viven las historias. Descúbrelo ahora