With you forever 💖 ( Part _6)

428 29 1
                                    

🐰💜🐻

မနက်ခင်းမှာရယ်မောသံတွေနဲ့ပြည့်နေတဲ့ Kim စံအိမ်တော်လေး....။
ရယ်မောသံတွေရောစနောက်သံတွေရောက ထယ်လေးအိမ်‌ပြန်ရောက်မှဖြစ်တည်လာခဲ့တာ...

သေချာတာပေါ့ ထယ်လေးက အိမ်ရဲ့ဆည်းလည်းလေး...။

အခုလည်း Driver Leeက Mr. Kim ကိုရုံးသို့ပို့ပြီး ထယ်လေးရဲ့ fashionဆိုင်ကိုပို့ဖို့
အိမ်ကို ပြန်လာရာလမ်းမှာ ဘီးပေါက်နေသဖြင့်
ထယ်လေးတစ်ယောက်ဆူပုတ်နေ၏။။

Mrs Kim_"သားထယ်ကလည်း သူလည်းဘီးပေါက်နေတာမတတ်နိုင်ဘူးလေ အစ်ကိုကြီးဂျင်ကလည်း အဖေနဲ့အတူတူသွားပြီးဆိုတော့ အစ်ကို NamJoonနဲ့ အတူတူသွားလိုက်ပေါ့သားရယ် စောစောစီးစီးစိတ်မတိုဘူးလေ သားထယ်"

Tae_"အမေကလည်း အစ်ကို NamJoonကသူ့ကိုသူ့သူဌေးက လာခေါ်မှာလို့ပြောတယ်လေ သူများကားကြီးသားလိုက်ကပ်မစီးချင်ပါဘူး ။ ပြီးတော့ သူ့သူဌေးက သားနဲ့တွေ့တုန့်ကတောင် တည့်တာမဟုတ်ဘူး..."

Mrs kim_"သားနဲ့တည့်တာဘယ်သူရှိလို့လဲ အိမ်ကလူတွေတောင် ကောက်စရာမရှိကောက်နေကို"

Tae_"အမေကလည်း ဟွန့်..."

Namjoonတစ်ယောက် ယောက်ခမနဲ့ ညီငယ်ပြောနေတာလေးကို သဘောကျစွာငြိမ်နားထောင်ရင်းကနေ.....

Nj_"ထယ်လေးကလည်းအစ်ကိုတို့နဲ့လိုက်ခဲ့လို့ရပါတယ် Jkကလည်းသဘောကောင်းပါတယ် အစ်ကိုပြောပေးမယ်နော် ဆူပုတ်မနေနဲ့..."

Tae_"ဟွန့်အဲ့ဆိုလည်း ပြီးရော။ အခုထိမလာသေးဘူးလား ထယ်နောက်ကျတော့မယ်.."

ဟွန့် သူဌေးဆိုပြီး အလုပ်ကိုနောက်ကျမှလာတယ်။ အစ်ကိုNjပြောတော့ သဘောကောင်းတယ် ။ဘယ်မှာကောင်းလို့လဲ။ အော်ကောင်းတော့ကောင်းပါတယ် စိတ်ပျက်ဖို့လေ ဟွန့်..။

ထယ်လေးတစ်ယောက် Jung Kookကိုစိတ်ထဲ၌ ချီးကျူးကြောင်းပြောနေစဉ်......

ခြံထဲကို တစ်တီတတီနဲ့ ဝင်လာတဲ့ ကားတစ်စီး။

Nj_"ဟာ Jkရောက်လာပြီ ထယ်လေးရေ သွားကြစို့ အော် နေဦး အစ်ကိုပြောပေးမယ်...။"

Jung Kookတစ်ယောက် Kimစံအိမ်ကိုရောက်တော့ သူလာခေါ်တဲ့ အစ်ကိုNamjoonကို မြင်သော်လည်း သူရှာနေတာကတစ်ယောက်..။

တွေ့ပါပြီ နှုတ်ခမ်းကိုဆူပုတ်ပြီးလူကိုသုန်မှုန်နေတဲ့ မျက်နှာနဲ့လာကြည့်တဲ့ ထယ်ပေါက်စ။

ဘာလဲဟ သူ့လဲငါဘာမှလည်းမလုပ်ပဲနဲ့ ။ ချစ်စရယလေး ဆူပုတ်နေတာက..။
ဟာဂျောင်ကု ဘာဖြစ်နေတာလဲ စိတ်ထိန်းစမ်း ညကအိပ်ကအိပ်ရေးမဝလို့ ဖြစ်တာပါ ဟူး..။

Namjoonတစ်ယောက်သူ့ရှေ့က တစ်ယောက်တည်း ခေါင်းငြိမ့်ခေါင်းခါလုပ်နေပြီး သက်ပြင်းချနေတဲ့ဂျောင်ကုကို နားမလည်နိုင်။ ခေါ်နေတာလည်းမကြားဘူး။

Nj_"ဟေ့ဟေ့ ဂျောင်ကု ခေါ်နေတာကြာပေါ့ ဘာဖြစ်နေတာလဲ။ "

Jk_"အာ ဘာမှမဖြစ်ပါဘူးဒီအတိုင်းပဲ အဲ့ဆိုသွားရအောင်လေ"

Nj_"အေးပါ ‌အော် ဒါနဲ့လေ အစ်ကို့ညီကိုပါခေါ်လို့ရလား အိမ်ကကားကဘီးပေါက်နေလို့ ပြီးတော့ Driver Lee ကလည်း မအားလို့ပါ "

Jk_"အာ ရပါတယ် လိုက်ခဲ့လေ ဒါနဲ့မင်း အဲမဟုတ်ပါဘူး အစ်ကိုကဘယ်သွားမှာလဲ"

Tae_"ငါကငါ့ရဲ့ fashion ဆိုင်ကိုသွားမှာ ငါက designer လေ မင်းတို့ရဲ့ companyမရောက်ခင် တစ်လမ်းအလိုမှာ

Jk_"အေး အဲ့ဆိုသွားကြရအောင်တက်လေ။ ဦးလေးချန် သွားလို့ရပြီနော်

ဦးလေးချန်_"ကောင်းပါပြီ အစ်ကိုလေး"

🐰💜🐻

ကားကလမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်စွာ မောင်းနှင်ခဲ့ပေမယ့် မငြိမ်မသက်ဖြစ်နေတာကတော့ အမောင်ဂျောင်ကု ...။

Hyungက ဦးလေးချန်ရဲ့ဘေးမှာထိုင်ပြီး အစ်ကိုထေယ်က သူ့နားမှာထိုင်နေခြင်းကြောင့်ပင်။

ကားမှန်ပေါ်ကိုမှေးတင်ပြီး ကြည့်နေတဲ့ ဘေးတစ်‌စောင်းမြင်ကွင်းက အရမ်းက်ုလှပသည်။ ပြောစရာမရှိလောက်အောင် ယောင်္ကျားလေးတန်မဲ့ လှနိုင်လွန်းသော ထယ်လေးပါ။

ဂျောင်ကုခမျာ တစ်ယောက်တည်း ထယ့်ကို ခိုးကြည့်လိုက် ၊ ကြည့်ရင်းနဲ့ရင်တွေခုန်လာလို့ ရင်ဘတ်ကိုဖိပြီး အသက်ရှုကိုသွင်းလိုက် ထုတ်လိုက်နဲ့ အလုပ်ရှုပ်နေသော်လည်း

တစ်ယောက်တည်း နေ့လည်ကျ အလုပ်အားရင် ဘယ်သွားရင်ကောင်းမလဲ ဘာစားရင်ကောင်းမလဲဆိုပြီး ကားမှန်ပေါ် မှေး‌တင်ရင်း အပြင်ဘက်ကရှုခင်းတွေကြည့်ရင်းနဲ့ စဉ်းစားတွေးတောနေသော အစ်ကို‌ထယ်...။

________With you forever 💖🐻🐰_____

Updateမမှန်တာခွင့်လွှတ်နော် ချမ်းလည်းကြိုးစားရေးနေပါတယ် လိုအပ်ချက်လေးတွေလည်းပြောပေးပါဦး🥺

အကောင်းဆုံးကြိုးစားလျက်...Chan💜

With you forever 💖 updated on Wednesday at 2:33PM

With you forever 💖 { Completed }Where stories live. Discover now