With you forever 💖 (Part_12)

307 18 0
                                    

💚💜..(Unicode)

Kim Taehyung တစ်ယောက် တကယ့်ကို စိတ်ညစ်နေလေ၏...။

ဘာလို့ဆို ချက်ချင်း အိမ်ထောင်ကျသွားလိမ့်မယ်လို့ကို မထင်ထားတာမို့..

အထူးသဖြင့်စတွေ့ထဲ ကိုက်နေတဲ့ မျက်နှာရူး Jeon Jung Kookနဲ့ဆိုတော့ ပိုပြီးစိတ်ညစ်နေတာ ...

ရည်းစားထားဖို့မပြောနဲ့ ရည်းစားစကားတောင်
ဘာမှန်းမသိတဲ့သူက ချက်ချင်းကြီး ဒီလိုဖြစ်မယ်မှန်းမသိခဲ့တာ...

သူသိတဲ့အခုကိစ္စမှာ သူတို့ကမမှားခဲ့ကြဘူးဆိုတာ ကျိန်းသေပြောရဲတယ်..
၂ယောက်လုံးဝိုင်သောက်ပြီး ဘာတွေဆက်ဖြစ်ခဲ့မှန်းမသိပေမယိ့ ပြောရဲတာက သူတို့မကျူးလွန်ခဲ့ကြခြင်းဆိုတာပင်...။

ကျန်သေးတာက Appaကို သွားမပြောရဲ

Appaဒေါသက အရမ်းကြောက်ဖို့ကောင်းတာသိလို့ပင်...

လူကြီးတွေ စီစဉ်တဲ့အတိုင်းသာ နေရတာပေါ့လေ ...

Jung Kookကိုကြည့်တော့လည်း မျက်နှာက တည်တည်ပင် ..။
အဓိကကတော့ Appa (Mr.Kim) ဒေါသထွက်ပြီး မျက်နှာကို ထိုးမုန့်ကျွေးလိုက်တာကြောင့် ..

တော်သေးတယ် Mr.Jeonရောက်လာပြီး

Mr.J_"ကဲသူငယ်ချင်းရယ် ဖြစ်ပြီးမှတော့ ထားလိုက်ပါတော့ ...။
ငါ့သားဘက်က မှားသည် ဖြစ်စေမှန်သည်ဖြစ်စေ ငါတို့ဘက်က တာဝန်ယူပါတယ် ..။

မင်းသားလည်း ငါ့သားပဲလေ...
ငါက‌တော့ သဘောတူတယ် ....။လာပါကွာ
တိုင်ပင်ပြီး ဆုံးဖြတ်တာ အကောင်းဆုံးပဲ ...
ဧည့်ခံထဲသွားပြီး စကားပြောရအောင် လာပါ...။"

လူကြီးတွေ တိုင်ပင်ဆေံးနွေးဖို့ ထွက်သွားကြပြီးနောက် ...

ကျန်ခဲ့တဲ့ သူတို့၂ယောက်ရဲ့ အခန်းက ဘာမှမပြောပဲ တိတ်ဆတ်နေလေ၏ ..

Jung Kookဘက်မှ စကားစပြီး...

Jk_'ဖြစ်ပြီးသားတွေအတွက် မင်းဘယ်လိုသဘောရလဲ မသိပေမယ့် ..
ငါတို့၂ယောက်ဘာမှမဖြစ်ခဲ့တာ သိတယ် ..
ဒါပေမယ့် ကျိန်းသေတာကတော့ ငါတို့တွေ လက်ထပ်ရမယ်.... ထယ်"

ဟင် ....ထယ်တဲ့ ..

မျက်လုံးက်ုသေချာစိုက်ကြည့်ပြီး လေးနက်စွာပြောနေတဲ့ စကားလုံးတွေက ဘာကြောင့် ရင်တွေ အရမ်းခုန်ဖို့ ကောင်းရတာလဲ!!!?

With you forever 💖 { Completed }Tahanan ng mga kuwento. Tumuklas ngayon