Part _1 💖

1.9K 82 8
                                    

မနက်ပိုင်းဝေလီဝေလင်အချိန်ဟာ သူများတွေအိပ်ကောင်းနေချိန်ပေမယ့် Mrs.Kimတစ်ယောက်ကတော့မအိပ်နိုင်ဘူး ဘာလို့လဲဆိုတော့ သူ့ရဲ့အချစ်ဆုံး အမွှေစိန်လေးက USကနေပြန်လာမှာမို့ သွားကြိုရမည်မို့။
အမွှေစိန်လေး တစ်ခြားသူမထင်နဲ့ Kim Taehyungပါပဲ သူ့ရဲ့အသည်းသက်လေးတင်မကဘူး တစ်အိမ်လုံးရဲ့အသည်းကျော်လေးလေ..
USကပြန်လာလို့ ပညာတော်သင်‌မထင်လိုက်နဲ့ ..
သူ့အစ်ကို Kim Soek Jinရဲ့ ဟန်နီးမွန်းကို လိုက်ရှုပ်ချင်ပင်။
အစ်ကိုရဲ့ဟန်နီးမွန်မို့ မလိုက်ရအောင်ဆိုပြီး စကားလွှဲပြီးသူ့အဖိုးအဖွားရှိရာ Daeguကိုပို့လိုက်ပေမယ့် ဘယ်လိုသိသွားမှန်းမသိ အစ်ကိုတို့ရှိရာ သွားချင်တယ် မသွားရရင် မေမေနဲ့ဖေဖေကို တစ်သက်လုံးစကားမပြောတော့ဘူး ဆေးလည်းပုံမှန်မသောက်ဘူးဆိုပြီးကောက်နေလေရဲ့။
စကားမပြောတာ ကိစ္စမရှိပေမယ့် ဆေးကပုံမှန်မသောက်လို့မရ။ သားTaeလေးငယ်ငယ်ကတုန်း‌က‌ပေါ့ သူ့ကျောင်းပြန် အိမ်ကလာကြိုတာစောင့်ရင်းနဲ့သူ့ရှေ့မှတင် ယာဉ်တိုက်မှု ဖြစ်သွားလေရဲ့။ တိုက်ခံရတဲ့ဘက်က သေသွားတဲ့သူရှိသလို၊တိုက်တဲ့ဘက်ကလည်း တော်တော်အထိများတယ်တဲ့လေ။
အဲ့ရဲ့ သွေးသံရဲရဲနဲ့လူတွေ၊ အလောင်းတွေမျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတာကနေ အိမ်မက်ဆိုးအဖြစ်‌ခြောက်လှန့်နေလေရဲ့။ အိမ်မက်ဆိုးကနေ မြင်ရတာ မက်ရတာတွေများပြီး နဂိုတည်းက နှလုံးအားနည်းတတ်တဲ့ကလေးမို့ နှလုံးရောဂါလိုမျိုးဝေဒနာဖြစ်လာလေရဲ့ ။ ဆေးကဆရာဝန်နဲ့စမ်းသပ်ပြထားတာကြောင့် နေ့တိုင်းတစ်နေ့တစ်ကြိမ် သောက်နေရသည်။ မသောက်မိလျှင် ကလေးက မျက်နှာမလန်းချွေးစီးတွေထွက်ပြီးဖျားတတ်သည်မို့ နေ့တိုင်းပုံမှန်သောက်ဖြစ်အောင်တိုက်ရသည်။
အဲ့တာကြောင့် မတတ်နိုင်တဲ့အဆုံး သူ့အစ်ကိုတို့ရှိရာ USကအိမ်ကို သွားခိုင်းရ၏။
အခုလည်း သူ့အစ်ကိုရဲ့အမျိုးသားဖြစ်တဲ့ Kim NamJoonက သူ့ရဲ့သူဠေးက Koreaရဲ့ ရုံးချုပ်မှာ ဌာနမှူးရထူးပြောင်းပေး၍ ပြန်လာရခြင်းဖြစ်သည်။
သူ့အစ်ကို Soek Jinကတော့ ဘာမှမပြောဘူး သူ့ညီလိုက်လာလို့ပျော်နေလေရဲ့။
အခုလည်း လေယာဉ်ကွင်းမှာ သူ့ဖေဖေ Mr.Kim သွားကြိုနေ၍ မျှော်နေရခြင်း ဖြစ်သည်။

Kim သွားကြိုနေ၍ မျှော်နေရခြင်း ဖြစ်သည်။

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

ဒီပုံလေးက အခုအသက်24နှစ်အရွယ် .TaeTaeလေးပါနော်❤️

______With you forever 💖🐻🐰_______
မဂ်လာပါ Readerတို့ရေ ညီမရဲ့ပထမဆုံးFicလေးကို အကောင်းဆုံးကြိုးစာပြီးရေးသွားမှာမို့ အားပေးဖတ်ရှုပေးပါဦးနော်✨
လိုအပ်ချက်တွေရှိတာမို့ ဝေဖန်ပေးကြပါဦးနော်🥺
ညီမကို ချမ်းလို့ခေါ်လို့ရပါတယ် Fic ကတော့နေ့တိုင်း updateမှန်မှန်လေးနဲ့ plotအတိုင်းကို အခြားဇာတ်အိမ်နဲ့ မတူအောင်ဖန်တီးပေးမှာမို့ အားပေးဖတ်ရှုပေးကြပါဦး‌ဗျာ❤️🥺✨

With you forever 💖 updated
Part _1 at 8:55PM on Thursday (29.7.21)
(512 words)

With you forever 💖 { Completed }Onde histórias criam vida. Descubra agora