ရေချိုးခန်းထဲကထွက်လာတဲ့ ထယ်ယောင်း
ကုတင်ပေါ်တက်နေရတာ တုန်တုန်ယင်ယင်ဖြင့်
ဟိုအုန်းသီးကောင်ကလည်း ဘယ်လောက်တောင် ကုမ္ပဏီ ကိစ္စတွေ အရေးကြီးနေလဲမသိဘူး
သူရေမချိုးခင်တည်းကနေ အလုပ်လုပ်နေတာ အခုလည်း အဲ့ laptop နဲ့အလုပ်လုပ်လို့မပြီးသေးဘူးလားမသိဘူး..။
ဟူးးးး ငါပဲအကြီးဆိုတော့ ငါကပဲ စကားစခေါ်ရမလား မသိဘူးဟေ့ ရူးချင်တယ်
မင်္ဂလာဦးညဆိုတာကြီး မရှိခဲ့ရင်ကောင်းသားကွာ...။
ထယ်ယောင်းတစ်ယောက် ပွစိစိနဲ့ ကုတင်ထက်ကပြောနေသော်လည်း
တစ်ဖက်က ဂျောင်ကုသည်လည်း သူထင်သလို အလုပ်လုပ်နေတာ မဟုတ်မှန်းမသိခဲ့ ...။
Laptopနဲ့ B to B ကားကြည့်နေခြင်းသာ...။
ဒီညအတွက် ဖြတ်သန်းဖို့ သူတို့၂ယောက်လုံးက ယောင်္ကျားလေးဖြစ်နေခြင်းက သာမန်မဟုတ်တာရော သူ့မှာ အတွေ့အကြုံမရှိတာရောကြောင့် လေ့လာနေခြင်းသာ..။
တစ်ဖြည်းဖြည်း ညကနက်သထက် နက်လာသည့်အခါ အခန်းချင်းခြားနေတဲ့....
၂ယောက်လုံးရဲ့ စိတ်ကလည်း တဖြည်းဖြည်း လှုပ်ရှားကာ ရင်တွေလည်း ခုန်နေကြသည်...။ထိုအခါ မနေနိုင်သည့် ဂျောင်ကုမှ အိပ်ခန်းထဲ ဝင်ကာ
"ထယ်ယောင်း မင်းသိတာမလား !?ဒီနေ့ညက ဘာလဲဆိုတာ .."
မျက်နှာကြီးအောက်ငုံ့ပြီးပြောနေသော ဂျောင်ကုရယ်ပါ
"သိပါတယ်ကွ မင်းလည်းအဆင်သင့်ပြီမလား!? ငါလည်းအဆင်သင့်ဖြစ်ပြီ .."
ထယ်ယောင်းစကားပြန်ပြောတာကတော့ ဂျောင်ကုနဲ့မတူ နံရံကြီးကိုကြည့်ပြီး ငူငူကြီးပြောနေလေရဲ့..
ဂျောင်ကုလည်း ရင်တုန်တုန်နဲ့
"အိုကေ စလိုက်ကြရအောင် ထယ်ယောင်း!!"
ဆိုပြီး နမ်းမလိုရှိသေး
"Yarr !!မင်းက အထက်ကနေမလို့လား!? ငါကအကြီးနော် နေမယ့်နေ ငါကပဲအပေါ်ကနေမှာ"
စဉ်းစားကြည့်ပါဦး ထယ်ယောင်းလိုပိန်သေးသေးက အထက်ကတဲ့ အောက်မှာနေမယ့် ဗလကြီးနဲ့ ဂျောင်ကုကိုလည်း စာနာပေးကြပါဦး..
BẠN ĐANG ĐỌC
With you forever 💖 { Completed }
Lãng mạnသူများတွေ ပင်လယ်ကြီးက ဘယ်လောက်ကျယ်သလဲဆိုတာ ခန့်မှန်းလို့ရချင်ရမယ် ဒါပေမယ့် ..... ကိုယ် မင်းကို ချစ်တာတော့ ခန့်မှန်းလို့မရနိုင်ဘူး ဘာလို့ဆို ကိုယ်က အဆုံးအစမရှိချစ်တာမို့လေ...။