မူဂျီအယ်လ်
🌸pann
Part (13)
နိုနို့အတွက် ဂုဏ်ပြုပွဲလေး အမေတို့လုပ်ပေးပါသည်.. ။
နိုနို့ဂုဏ်ပြုပွဲဆိုပေမယ့် လူငယ်သိပ်မရှိ.. အားလုံးနီးပါး နိုနို့ထက်အသက်ကြီးသူတွေသာ များတာ ။
ချိုရိုလည်း သူ့အိမ်ကဂုဏ်ပြုပွဲလေးလုပ်နေတာမို့ ဒီဘက်မလာနိုင်.. ။
နိုနိုကလည်းမသွားဖြစ်.. ။
ကိုကို့အမေနဲ့အဖေလည်း အလုပ်မအားတဲ့ကြားက နိုနို့ကိုလာဂုဏ်ပြုပေးပါသည်.. ။
" နိုနို.. သမီးအတွက် ဦးတို့လက်ဆောင် "
ဦးလေးက နိုနို့လက်ထဲ ထည့်ပေးလာတဲ့ဘူးလေး..
" သမီး ဖွင့်ကြည့်အုံးလေ.. "
အန်တီက နိုနို့လက်ကိုအသာကိုင်ပြီး ဖွင့်ကြည့်ခိုင်းနေပြီ.. ။
အမေတို့ကလည်း ဘာလေးဖြစ်မလဲလို့ကြည့်နေခဲ့တာ.. ။
" ............ "
နိုနို ဖွင့်ကြည့်တော့..
" ဟယ်.. ဒါ "
" ဟွင်းဟွင်း.. "
ဦးလေးနဲ့အန်တီကတော့ ပြုံးရယ်နေကြပေမယ့် နိုနိုတို့မိသားစုကတော့ မျက်လုံးလေးတွေဝိုင်းမိသည်.. ။
ဦးလေးနဲ့အန်တီပေးတာက ပလက်တီနမ်လက်စွပ်ကွင်းသေးသေးလေး.. သေးပေမယ့်ကျစ်ပြီးလှသည် ။
ဈေးတော့နည်းနည်းပေးရမယ် ထင်တယ်..
" မကေဇင်တို့ရယ် အားနာစရာကြီး.. "
" ဟုတ်ပါ့ဗျာ.. ကျွန်တော်တို့က သမီးလေးကြိုးစားမှုအတွက် ဂုဏ်ပြုပေးရုံလောက်လေးပါ ဒါတွေမလိုပါဘူးဗျာ "
" ဟွင်းဟွင်း.. အားနာစရာမဟုတ်ပါဘူးရှင် နိုနိုလေးကို မြင်ကတည်းကကိုယ့်သမီးရင်းလေးလိုချစ်မိတာ ဒီလောက်လေးက ကိုယ့်သမီးကိုဆုချပေးရုံပါ.. "
" ဟုတ်ပါတယ်ဗျာ.. စိတ်သန့်သန့်နဲ့သာလက်ခံထား ကျွန်တော်က သမီးလေးတစ်ယောက်လောက် လိုချင်ခဲ့တာ.. ကိုပြည့်စုံတို့သိတဲ့အတိုင်း သားချည်းမွေးထားတော့ ကျွန်တော့်စိတ်ကူးလေးပျက်ကုန်တာပေါ့ နိုနိုလေးကိုတွေ့တော့ သမီးရင်းလေးလိုချစ်မိတာ .. သမီးလေးကိုဆုချပေးချင်ရုံပဲ "
YOU ARE READING
မူဂျီအယ်လ်
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...