မူဂျီအယ်လ်
🌸pann
Part (29)
" မင်း ကောင်းကောင်း သက်သာတာရော ဟုတ်ရဲ့လား နိုနို.. ဆေးမသောက်ချင်တိုင်း လိမ်နေတာလား "
ကိုကိုက အင်္ကျီကြယ်သီး တပ်ရင်း နိုနိုကိုမေးနေတာ.. ။
" လူကို မယုံသင်္ကာနဲ့.. တကယ် နိုနို သက်သာနေပြီ မယုံရင် စမ်းကြည့်ပါလား "
နိုနို ကိုကို့နားသွားပြီး လက်လေးနောက်ပစ်ကာ မျက်နှာကိုရှေ့တိုးပြလိုက်သည်.. ။
" ........... "
ဗိုရမ် ကြယ်သီးတပ်နေရင်းနဲ့ ကိုယ့်ရှေ့ရောက်လာတဲ့ နိုနို့နဖူးလေးကို လက်ဖမိုးနဲ့ စမ်းလိုက်သည်..။
" တွေ့တယ်မလား.. ကိုယ်ပူမရှိတော့ဘူး "
" အဲ့လိုဆိုတိုင်း မင်းပေါ့ပေါ့လျော့လျော့ မနေနေနဲ့.. ထပ်ဖျားသွားမယ် ဒီတစ်ခါထပ်ဖျားလို့ကတော့ ဆေးတစ်လုံးထဲထိုးခံရမှာမဟုတ်ဘူးနော်.."
" လူကို အဲ့လောက် မခြောက်ပါနဲ့.. "
" ဒါတောင် မင်းကြောက်လို့လား.. "
" ............. "
ဖိတ်ဖိတ်တုန်အောင် ကြောက်ပြနေရမှာလား..ဝေးသေး ။
နိုနို နှုတ်ခမ်းလေးကို စိပိတ်ရင်း ကိုယ်လေးကိုအသာလှုပ်ရမ်းနေမိသည်..။
" တောက်.. "
" အ့.. ကိုကို့ "
နိုနို့နဖူးကို သူ့လက်အားကြီးနဲ့ တောက်ချတော့ နာတာပေါ့.. ။
" မကြောက်ရင် စိန်လိုက်လေ.. ကြောက်သွားအောင် လုပ်ပြမယ် "
" ဟွန့် "
ကိုကိုက နာရီကိုကောက်ပတ်နေရင်း..
" နိုနို ငါအတည်မှာခဲ့မယ်နော်.. ရေထပ်မကိုင်နေနဲ့ အအေးထပ်ပတ်အောင်လည်း အားအားလျားလျား လေစိမ်းထွက်ခံမနေနဲ့.. မင်းလက်ခံထားတဲ့အလုပ်တွေရှိလည်း လောဘကြီးပြီးသွားလုပ်မနေနဲ့.. မင်းအလုပ်မလုပ်တာနဲ့ မွဲတေပြာကျမသွားဘူး ငါကလည်းသက်ရှိထင်ရှားအရှင်လတ်လတ်ကြီးရှိသေးတယ် အမေမွေးထားပေးတဲ့အတိုင်း အကုန်အကောင်းကြီး ခြေလက်မပြတ်နေဘူး.. ငါမင်းလောက်တော့လုပ်ကျွေးနိုင်တယ် "
YOU ARE READING
မူဂျီအယ်လ်
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...