မူဂျီအယ်လ်
🌸pann
Part (27)
နိုနို ကိုကို့ကို စိတ်ဆိုးနေပေမယ့် ခုတော့ ညမအိပ်ဘဲထိုင်စောင့်နေခဲ့တာ.. ။
ဒီနေ့ တော်တော် နောက်ကျနေတာ..။
ည ဆယ့်နှစ်ကျော်နေပြီကို.. ပြန်မလာသေးဘူး။
အိမ်မှာ နိုနို တစ်ယောက်ထဲ.. ။
' ဖုန်းဆက်ကြည့်ရကောင်းမလား.. '
' ဟင့်အင်း မဖြစ်ပါဘူး.. ငါ့ဘက်က ပြန်ချော့ရသလိုဖြစ်အုံးမယ် ဟင့်အင်း '
ဖုန်းဆက်ကြည့်ရမလားလို့ အကြိမ်ကြိမ်တွေးမိပါသေးတယ်.. ။
ဒါပေမယ့် မာနကတင်းခံနေတာ..။
နိုနို ဖုန်းမဆက်ဘဲ ထိုင်စောင့်နေခဲ့ရင်း အိပ်ပျော်သွားခဲ့တာ.. ။
မနက်မိုးလင်းမှလန့်နိုးရသည်..
" ဟင်... "
နိုနို သေချာလိုက်ရှာကြည့်ပေမယ့် ကိုကို့ကိုမတွေ့..။
" ဘာလဲ.. ပြန်မလာတာလား "
အိပ်ပျော်သွားတော့ ကိုကို ပြန်လာလား.. မလာလားမသေချာ ။
ပြန်ရောက်လာပြီး အစောများပြန်ထွက်သွားတာလား.. ဒါလည်းမသေချာမရေရာနဲ့ ။
စိတ်ထဲတော့ တစ်ခုခုလိုနေသလိုလို..
စိုးလည်းစိုးရိမ်နေသလိုလိုပါ.. ။
အရင်ကလည်း ကိုကို ခုလိုနိုနို့ကိုဘာမပြောညာမပြောနဲ့ တစ်ပတ်ကျော်တဲ့ထိ အန်တီတို့အိမ်မှာတစ်ယောက်ထဲထားခဲ့တာ.. ။
ခုလည်း အဲ့လိုများ ထပ်ထားသွားတာများလားလို့.. တွေးမိတဲ့အတွေးတွေကို မတွေးသင့်မှန်းသိလို့မတွေးဖို့ ကြိုးစားလည်းမရ ။
မဟုတ်လောက်ပါဘူး.. ကိုကို ငါ့ကို ထပ်ထားသွားခဲ့တာ မဟုတ်ဘူး ။
သူပျောက်သွားရင်လည်း ငါအလွယ်လေးပြန်ရှာလို့ရတာပဲ..။
ထားသွားတာမဟုတ်ဘူး.. ဟုတ်တယ် ငါ့ကိုထားသွားတာ မဟုတ်ဘူး ။
နိုနို ကိုယ့်ကိုယ်ကိုယ်အားပေးရသည်..
.
ဒီနေ့လည်း နိုနို ထပ်စောင့်ပါတယ်.. ။
YOU ARE READING
မူဂျီအယ်လ်
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...