မူဂျီအယ်လ်
🌸pann
Part (32)
နိုနို စိတ်မကြည်နေ.. ။
ကိုကိုတို့များ အလုပ်တွေများနေတာလေ.. အဖေနဲ့ညီနဲ့အချိန်တွေမျှပေးနေတာ ။
အိမ်ကနိုနို့ကိုတော့မေ့နေလေရဲ့..
အိမ်ရောက်တာနဲ့အလုပ်ကိစ္စအတွက် ရှုပ်နေတာမပြီးတော့ဘူး.. ။
သူ့လောကထဲမှာ နိုနို ရှိနေသေးတာကို မှတ်ရောရသေးရဲ့လား မပြောတတ်ဘူး.. ။
ဒီနေ့လည်း အိမ်ပြန်နောက်ကျမယ်တဲ့..
ကောင်းပါ့.. ကောင်းပါ့ မိသားစုနဲ့အဆင်လေးပြေတော့ အရာရာမိသားစုကထိပ်က ။
နိုနိုတို့ကချောင်ကပ်လို့..
" မုန်းချင်စရာ ကောင်းတဲ့ လူ.. "
နိုနို ပါးစပ်က တီးတိုးရွတ်ရင်း နောက်ဖေးဘက်ဝင်လာတာ.. ။
တစ်ယောက်ထဲ ဆိုတော့ ပျင်းပျင်းရှိတာနဲ့ တစ်ခုခုစားဖို့လုပ်ရသည်..
" ဟင်.. ဒါက ဘာကြီးလဲ "
မုန့်လေးစားဖို့ လာတာပေမယ့် ပုလင်းလေးတွေ့တော့ ယူကြည့်လိုက်သည်.. ။
အနံ့လေးခံကြည့်တော့..
" ဘာလဲ.. ဝိုင်ကြီးလား "
ဘယ်တုန်းက ဒီနားရောက်နေပါလိမ့်.. ။
သူ့နေရာသူ ပြန်ချပြီး မုန့်သာစားဖို့ ကြည့်နေရင်း မျက်လုံးလေးက ပုလင်းဆီပြန်ရောက်သွားသည်..
' နည်းနည်း သောက်ကြည့် ကြည့်ရမလား.. '
မုန့်လေးကို ချရင်း ပုလင်းကိုပြန်ကိုင်ရသည်..။
" ဟီးဟီး.. စမ်းသောက်ကြည့်ရမယ် "
နိုနို ပုလင်းလေးကို ကိုယ်မှာပိုက်ထားရင်း..
" ဒါမျိုးဆိုတာ အထာကျကျ ဝိုင်ခွက်လေးနဲ့ သောက်ရမှာ.. "
အလှသပ်သပ် သဘောကျလို့ ဝယ်ထားတဲ့ ဝိုင်ခွက်လေး နှစ်ခုရှိတာကို နိုနိုထုတ်လိုက်သည်..
" အိုခေ.. မုန့်လည်း နည်းနည်း ယူရမယ် "
နိုနို လက်ထဲဝိုင်ပုလင်းနဲ့ မုန့်တွေပြည့်လို့..။
YOU ARE READING
မူဂျီအယ်လ်
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...