Part (24)

172 9 1
                                    

မူဂျီအယ်လ်

🌸pann

Part (24)

နိုနိုကို အခုအိမ်ပြန်လာဖို့ ကိုကို ဖုန်းဆက်တော့ ဧည့်သည်နဲ့စကားပြောပြီးတာနဲ့ အမြန်ပြန်လာရသည်.. ။

ကိုကို ဘာများဖြစ်လို့ပါလိမ့်... လို့ ခေါင်းထဲ တရစပ်ပဲ တွေးနေမိတာ ။

ပုံမှန်ဆို ဒီလိုချိန် ကိုကို အိမ်ပြန်လာတတ်တဲ့အကျင့်မှ မရှိတာ.. ။

အလုပ်မှာများ တစ်ခုခု ထိခိုက်မိလာလားလို့ တွေးပြီးစိတ်ပူရင်မောရတာ အမော.. ။

စိတ်ကလည်းကယောင်ခြောက်ခြားနဲ့ ဖြစ်နေရပြီ.. ။

" ကျွီ.. ဂျောက် "

ကားကိုရပ်တာနဲ့ လူကကားပြင်ရောက်နေပြီ..။

ကျွတ်.. ဒီနေ့မှပဲ ဒီဓာတ်လှေကားက နှေးနေလိုက်တာ ။

" တင်... "

ဓာတ်လှေကားတံခါးပွင့်တာနဲ့ နိုနို မြန်မြန်ပြေးထွက်ကာ အိမ်ဆီဒုန်းဆိုင်းပြေးရသည်.. ။

တံခါးကိုတွန်းဖွင့်ရင်း..

" ကိုကို နေမကောင်းဖြစ်.. "

နိုနို စကားတွေတန့်သွားရသည်.. ။

အိမ်တစ်လုံးလည်း ရှင်းလင်းပြီး ဘေးမှာလည်း လက်ဆွဲအိတ်နှစ်လုံးနဲ့ ကိုကိုရပ်နေတာ..။

" ဒါက ဘယ်လို.. "

နိုနို အံ့အားသင့်ပြီး ဖိနပ်တောင်မချွတ်မိ.. ကိုကို့နားလျှောက်သွားမိတာ ။

" ဘယ်လိုဖြစ်လို့ ချွေးတလုံးလုံးဖြစ်နေရတာလဲ.. "

ကိုကိုပြောတော့ နားထင်မှာစီးကျနေတဲ့ ချွေးလေးကို လက်လေးနဲ့ အသာတို့ထိသုတ်လိုက်သည်.. ။

" ကိုကို ဘာဖြစ်လို့လဲ.. နေမကောင်းဘူးလား"

" ဘယ်နားလေး ထိခိုက်နေတာ မြင်လို့်လဲ.. အကုန်အကောင်းတိုင်းပဲ "

" နိုနို့ကို ပြန်လာဖို့ခေါ်တာက.. "

" ရော့.. မင်းအိတ် မင်းပစ္စည်းမှန်သမျှတော့ ငါအကုန်ထည့်ထားပေးထားတယ် "

ကိုကိုက နိုနို့အိတ်လေး တွန်းပေးလာတာ.. ။

" ဘာလဲ.. နိုနို့ကို ပြန်လွှတ်နေတာလား နိုနိုမပြန်ဘူးနော် ကိုကို "

မူဂျီအယ်လ်Where stories live. Discover now