စိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက်
နှစ်မြုပ်ပစ်လိုက်ချင်တယ် ။
မင်းအတွက်သာဆိုရင် အသက်ပေးပြီး
ချစ်ရဲတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ။🚬
"ရိပေါ် မင်းအဲ့ဒီလို စိတ်ထင်တိုင်းလုပ်လို့ မရဘူးနော်"
ဟန်ရှင်းရဲ့စကားမှာ သူခဏစဉ်းစားခန်းဝင်မိသွားပေမယ့် ခေါင်းကိုခါပစ်ကာ တွေဝေစေမယ့်အတွေးတွေကို ဝေးဝေးမောင်းထုတ်လိုက်တယ်။ အခုကိစ္စကို သူ့ဘက်က ခပ်လွယ်လွယ်စဉ်းစားပြီး လုပ်ထားတာမျိုးမဟုတ်ပေ။ ပြီးတော့ သူဆိုတာလည်း ဆုံးဖြတ်ပြီးရင် အပြီးထိ လိုက်ချင်တဲ့သူမျိုးဆိုတော့ ဒီကိစ္စကိုလည်း တစ်ဝက်တပျက်နဲ့ ရပ်မထားလိုက်ချင်ဘူး။
"ငါ့ကိုလက်မှတ်သာဖြတ်ပေးစမ်းပါ ၊ ငါအဲ့ကို မရောက်ရောက်အောင်သွားမယ်"
"ဒီကိစ္စက မင်းလိုက်ရမှာမျိုးမဟုတ်ဘူး ၊ ရဲတွေ သူတို့ဟာသူတို့ဖြေရှင်းသွားလိမ့်မယ် ၊ မင်းဘာလို့ အခုလောက်ထိ ပါဝင်ပတ်သက်နေရတာလဲ "
"နစ်နာသူနေရာကကောင်မလေးက ငါ့ညီမလေးသာဆိုရင်စိတ်နဲ့ ငါဒီကိစ္စကို ဘာမှမဆိုင်ဘူးဆိုပြီး မျက်နှာလွှဲခဲပစ်မလုပ်လိုက်ချင်ဘူး"
သူတို့သတင်းတိုက်ရဲ့ အထက်လူကြီးဖြစ်သလို သူ့ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ ဟန်ရှင်းက သူ့အတွက်စိတ်ပူလို့ပြောနေတာမှန်းသိပေမယ့် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတစ်ခုလိုမျိုး သူနောက်မဆုတ်လိုက်ချင်ဘူး။ အပြီးထိ တာဝန်ယူချင်တယ်။
"ရိပေါ် ဒီလိုကိစ္စမျိုးက ... "
"အဲ့ခွေးကောင် နယ်စပ်ကိုထွက်ပြေးသွားတယ်ဆိုတာ ငါသတင်းအတိအကျရထားပြီးသား ၊ ရဲတွေက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ငါ့စကားကိုမယုံကြဘူး ၊ ငါကသတင်းလိုချင်လို့ သူတို့နောက်လိုက်တယ်ပဲထင်နေကြတာ ၊ ရဲတွေမယုံတဲ့ငါ့ကို သူငယ်ချင်းအရင်းကြီးဖြစ်တဲ့မင်းကတော့ ယုံသင့်တယ်လေ ၊ မဟုတ်ဘူးလား ဟန်ရှင်း"
DU LIEST GERADE
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.