ဆေးလိပ်ကိုအသာရှိုက်ပစ်လိုက်ပြီးနောက်
အငွေ့တွေက နှုတ်ခမ်းနားမှာတဝဲဝဲ ...
မဆီမဆိုင် သူ့ရင်တွေကဘာလို့ခုန်လာရတာလဲ ။🚬
ဒီအခြေအနေမှာ စိတ်နဲ့လူနဲ့မကပ်နိုင်တော့တာ သူတစ်ယောက်တည်းပဲဖြစ်ပါလိမ့်မယ်။ အနောက်ဘက်မှာ Seanရဲ့လူတွေရှိနေပြီး သူ့အနီးအနားမှာတော့ ရဲသားလေးယောက်က သတိလစ်မေ့မြောနေကြတဲ့အနေအထားမှာ။
ပြီးတော့ ကျီဟောက်ဆိုသူရဲ့လက်ထဲမှာ ရိပေါ်အလိုရှိသူက ရှိနေလေတယ်။
"Sean ဒါကတိုက်ဆိုင်မှုပဲလား"
"မင်းဘယ်လိုထင်ချင်လဲ ၊ ကိုယ်က မင်းကိုနောက်ယောင်ခံလိုက်ပြီး မင်းကိစ္စကို ဝင်ရှုပ်လိုက်တယ်လို့လား"
အရှေ့ကနေ စကားလမ်းကြောင်းသလိုသဘောမျိုးနဲ့ Seanကထိုစကားကို အေးဆေးစွာပြောသွားတယ်။ သူသံသယမဝင်ချင်ရင်တောင် ဝင်ရတော့မယ့်ပုံစံမျိုးဖြစ်အောင် သံသယမျိုးစေ့ကို ကြဲချပေးလိုက်သလိုပဲ။
လေယာဉ်ပေါ်မှာတွေ့တာကစလို့ ဆက်တိုက်ဆက်ပြီးပတ်သက်မိတာ သူ့ဘက်ကတစ်ဖက်သတ်ဆိုပေမယ့်လည်း ဒီလိုရလဒ်မျိုးဖြစ်လာတော့ Seanဘက်ကနေ သူနဲ့တမင်ဆုံအောင် လုပ်ခဲ့တာများလားဆိုပြီး မဟုတ်တာတွေပါတွေးမိကုန်တဲ့အထိ။
"ကိုယ်သတ်ချင်တယ်လို့ပြောခဲ့တာ သူပဲ"
"ဘာ လို့ လဲ"
သူဒီလိုမေးလိုက်တော့ Seanကလှည့်ကြည့်လာတယ်။ ဒါပေမယ့် မေးမိတာနောင်တရသွားတယ်။ Seanအကြည့်တွေက သူ့ကိုပြောပြလိုဟန်မရှိနေပေ။
"မသတ်ပဲနဲ့ ကျွန်တော်နဲ့အပေးအယူလုပ်လို့မရဘူးလား ၊ ဒီကောင်က ကျိန်းသေပေါက် အပြစ်ခံယူဖို့ လိုအပ်နေတယ်"
ESTÁS LEYENDO
ETERNALLY SINKING [COMPLETED]
Fanficစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.