မဖွင့်ချင်တဲ့တံခါးတစ်ချပ်ကို
ဖွင့်ဖို့အတွက်အကြောင်းဖန်လာခဲ့တယ်။
သူ့မှာကြောက်ရွံ့ထိတ်လန့်မှုတွေ
မဝံ့မရဲစိတ်တွေဖြင့် ။🌹
ချွေးတွေစို့နေတဲ့နဖူးပြင်ကို ရေစိုသဘတ်နဲ့ပွတ်သပ်ပေးနေရင်း သတိပြန်လည်လာမယ့်အချိန်ကို စောင့်ဆိုင်းနေမိတယ်။ အနိမ့်အမြင့်အတက်အကျညီနေတဲ့ ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကိုကြည့်လိုက်မှပဲ အနိမ့်အမြင့်အတက်အကျမညီတဲ့ သူ့ရင်တွေဘယ်လောက်တောင်ပူထူနေလဲဆိုတာကိုသတိမူမိသွားတယ်။
ခန့်မှန်းထားတဲ့အတိုင်းဖြစ်သွားတာပဲ။ အပြစ်တင်စိတ်နဲ့အတူ သက်ပြင်းမောကိုချမိသွားတယ်။ လက်ထဲမှာဆုပ်ကိုင်ထားတဲ့ လက်ဖဝါးလေးကိုအထပ်ထပ်အခါခါပွတ်သပ်ရင်း ပြန်သတိရလာဖို့အတွက် တောင်းဆုပြုလိုက်မိတယ်။ သူ့အပြစ်တွေများနေပြီ။ ခွင့်လွှတ်မှုကိုတောင်းခံဖို့ရာအထိ သူ့မှာမထိုက်တန်လေဘူး။
ခေါင်းကိုငုံ့လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ဝေဖန်နေတုန်းမှာ လက်ထဲမှာဆုပ်ကိုင်ထားတဲ့လက်ဖဝါးပြင်လှုပ်ခါသွားတာကိုခံစားလိုက်ရတယ်။ ပျော်ရွှင်စိတ်နဲ့မော့ကြည့်လိုက်တော့ တွ့န်ချိုးနေတဲ့ဝမ်ရိပေါ်ရဲ့မျက်ခုံးအစုံ။
သတိရလာပြီပဲ။ သူ့ရဲ့အားဝမ် သတိရလာပြီဖြစ်တယ်။
ခဏအကြာမှာမျက်တောင်တွေတုန်ခါလို့ ပွင့်လာတဲ့မျက်ဝန်း။ သူ့ကိုမြင်လိုက်ရလို့ထင်ပါတယ်။ အဲ့ဒီမျက်ဝန်းထဲ အံ့ဩစိတ်တို့ပြည့်နှက်သွားလေတယ်။ လိမ်တာတွေများနေတဲ့သူ့ဘဝမှာ ကိုရီးယားကိုသွားတယ်ဆိုတဲ့ကိစ္စကလည်း လိမ်ထားတယ်ဆိုတဲ့အကြောင်း ဝမ်ရိပေါ်ကိုပြောပြဖို့သူတွန့်ဆုတ်နေမိတယ်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.