တစ်ခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရတဲ့ လောကရဲ့နိယာမထဲ ခင်ဗျားကိုသာရမယ်ဆိုရင် ကျန်တာကိုစွန့်လွှတ်ဖို့အတွက် ကျွန်တော်သိပ်ပြီးတွေဝေနေမိမယ်မထင်ဘူး ။
🚬
ဟန်ရှင်း သူ့အတွက်စီစဉ်ပေးထားတဲ့ လေယာဉ်လက်မှတ်ရဲ့ ခုံနေရာကိုရောက်တော့ အပေါ်ဘက်ကအိတ်ထားရာဆီ အိတ်တစ်အိတ်ကိုတင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ ရှပ်အဖြူနဲ့ စတိုင်ပန့်ကိုတွဲဖက်ဝတ်ဆင်ထားပြီး တံတောင်ဆစ်နားမှာခေါက်တင်ထားကာ ဘေးတိုက်အနေအထားမှာတင်ကိုပဲ ထိုလူ့ရဲ့ပုံပန်းသဏ္ဍာန်က အတော်လေးကြည့်လို့ကောင်းနေတယ်။
အပေါ်ကိုလက်မြှောက်ထားတာကြောင့် ခါးနေရာသွယ်လျမှုကိုလည်း သေချာစွာမြင်ရနိုင်သလို ရှည်လျားတဲ့အရပ်ကလည်း ထင်းလင်းစွာထွက်ပေါ်နေတယ်။ ကိုယ်တိုင်ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို သေချာစွာသိရှိထားတော့ အဲ့ဒီလူကို အကဲခတ်နေမိတာကို ရိပေါ်မရပ်တန့်နိုင်ဘူး။
တည်ငြိမ်ပြီး ရင့်ကျက်နေတဲ့ ပုံပန်းသွင်ပြင်ရှိတဲ့၊ သူ့ထက်အသက်ကြီးတဲ့သူမျိုးက ရိပေါ်ရဲ့ typeပဲဖြစ်လေတယ်။
တစ်စုံတစ်ယောက်က သေချာစွာစူးစိုက်ကြည့်နေလျှင် လူရဲ့မသိစိတ်ကတုံ့ပြန်မှုအရ ကြည့်နေတဲ့သူကို လှည့်ကြည့်တတ်တယ်ဆိုသလိုပဲ ၊ ရိပေါ်ငေးစိုက်ကြည့်နေမိသူက ရိပေါ်ရှိရာဆီလှည့်ကြည့်လာတယ်။
စူးရှတဲ့မျက်ဝန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပေမယ့်လည်း ကောင်းကင်ယံထက်လို ကြည်လင်နေပြီး ကြယ်ရောင်တွေတဖျက်ဖျက်တောက်သလို မျက်ဝန်းမျိုးကို မြင်လိုက်ရတဲ့အခါမှာတော့ အသက်ရှူဖို့ကိုတောင် ရိပေါ်မေ့သွားရတယ်။ မျက်ဝန်းအိမ်ကျယ်ကျယ်လေးထဲ တဖျက်ဖျက်တောက်နေတဲ့ ဖန်ဂေါ်လီလုံးလေးကတော့ အလိုမကျမှုကြောင့် အေးစက်သွားလေတယ်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.