ဘယ်လောက်ချစ်ကြောင်း
ဝေးနေရင်ပိုသိသာတယ် ။
အလွမ်းထုထည်နဲ့အချစ်ထုထည်ကြား
သင်္ချာသဘောတရား
ညီမျှခြင်းခြားနေလေတယ် ။🚬
မက်ဆေ့ခ်ျကို Seanဘက်ကကြည့်ပါ့မလားတော့မသေချာပေမယ့်လည်း နောက်တစ်နေ့မနက်ခင်းအပြေးလေ့ကျင့်ပြီးချိန် ဂျိုးဆီကနေ ဖုန်းကိုခဏပြန်တောင်းကာ screen recordလုပ်ထားတဲ့videoထဲက Seanရဲ့မူးပြီးဂျစ်တိုက်နေတဲ့ အပိုင်းတချို့ကို cutလုပ်ပြီးပို့ပေးထားလိုက်တယ်။
ဒါကိုမြင်မြင်ချင်းဖြစ်သွားမယ့် ချစ်သည်းရဲ့ပုံစံကို ဝမ်ရိပေါ်အတော်လေးသိချင်မိတယ်။ အထာကျကျမိမိုက်နေတဲ့ဘဲကြီးတစ်ယောက်အဖြစ်ကနေ ချစ်ဖို့ကောင်းအောင်ဂျစ်တိုက်နေတဲ့ကလေးတစ်ယောက်အဖြစ် သူ့ကိုယ်သူတောင်မသိလိုက်ပဲပြောင်းလဲသွားတာလေ။
သူ့ကိုခိုးရိုက်ရပါ့မလားဆိုပြီး ဝမ်ရိပေါ်ကိုလှမ်းပြီးဆူပူချင်ရင်တောင် ဖုန်းကအသိမ်းခံထားရတာမို့ ဆူလို့ရမှာမဟုတ်ဘူး။ ဘဲကြီးတစ်ယောက်တော့ ဆွေ့ဆွေ့ခုန်နေတော့မှာပါပဲ။
နောက်ပိုင်းလည်း ချစ်သည်းရဲ့ဒီလိုပုံစံကိုမြင်ချင်ရင် အရက်မူးအောင်တိုက်ရမယ်လို့ ဝမ်ရိပေါ်စိတ်ထဲတေးမှတ်ထားလိုက်တယ်။
"အားဆေးတွေရထားတယ်ပေါ့ ၊ ပြုံးလို့ ပျော်လို့"
'ညကသိပ်ကိုချစ်ဖို့ကောင်းနေတာ' ဆိုတဲ့ စာတချို့ရိုက်နှိပ်ပို့ပြီးတာနဲ့ ဖုန်းကိုပြန်ပိတ်ပြီး ဂျိုးကိုမော့ကြည့်လိုက်တယ်။ အားဆေးတော့အားဆေးပါပဲ။ အရက်မူးနေတဲ့ချစ်သည်းရဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ပုံရိပ်တွေက နောက်ထပ်နှစ်ပါတ်ထိကြိုးစားရုန်းကန်နိုင်ဖို့အတွက် အားအင်ဖြည့်တင်းပေးသွားစေနိုင်တဲ့ အားဆေးပဲဖြစ်တယ်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.