နင့်သည်းစွာချစ်မြတ်နိုးရသူမို့
သူတောင်မှ သတိမထားမိခင်
အမည်နာမတစ်ခုက
နှုတ်ကနေ ခုန်ဆင်းသွားခဲ့လေတယ် ။🚬
နမ်းနေရာကနေ Seanရဲ့လက်တို့က သူ့အောက်ပိုင်းနေရာဆီရောက်ရှိလာတယ်။ Seanကတကယ်ကို ရဲတင်းနေတော့တာပဲ။ ဘာဆက်ဖြစ်မလဲဆိုတာကို သိသိကြီးနဲ့ အဲ့ဒီလက်ချောင်းတို့က သူ့အောက်ဘက်မှာ လာကစားနေတော့တာ။
အောက်နှုတ်ခမ်းကို နစ်နဲစွာဖိကိုက်ခဲလိုက်တော့ သွေးစနဲ့အတူ Seanရဲ့နာကျင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ညည်းညူသံတချို့ထွက်ပေါ်လာတယ်။ သူကိုက်လိုက်တဲ့နေရာကို သူကိုယ်တိုင်ပဲ လျှာနဲ့သပ်ပေးလိုက်ကာ နာကျင်မှုကိုကုစားပေးလိုက်တယ်။
ပြီးတဲ့နောက် နှုတ်ခမ်းချင်းခွာလို့ မဝေးတဲ့အကွာအဝေးကနေ Seanမျက်နှာကိုကြည့်ကာ နဖူးပေါ်ဖြာကျနေတဲ့ ဆံပင်တို့ကို အနောက်ဘက်ဆီသပ်တင်လို့ ရီဝေနေတဲ့ မျက်ဝန်းသွယ်တို့ကို စူးနစ်စွာကြည့်လိုက်တယ်။
"Sean ခင်ဗျားစလိုက်တာနော်"
သူ့အောက်ဘက်ဆီ သူ့တိုက်တွန်းမှုတစ်စုံတရာမပါပါပဲ လက်ကိုအရင်ဆုံးကျူးကျော်လာတာ Seanပဲဖြစ်လေတာကြောင့် သူတုံ့ပြန်မှုတွေကို လက်ခံပြီးတာဝန်ယူရမှာလည်း Seanသာဖြစ်လေတယ်။
ပိုးဖဲသားအင်္ကျီရဲ့ မဖြုတ်ရသေးပဲကျန်ရှိနေတဲ့ ကြယ်သီးတွေကိုအကုန်ဖြုတ်ပစ်လိုက်ပြီးနောက် အင်္ကျီကိုဆွဲချလိုက်တော့တယ်။
အပေါ်စီးကမြင်နေရလို့လားမသိ တက်တူးနဲ့Seanက ပုံမှန်ထက်ပိုပြီး ဆွဲဆောင်အားပြင်းနေတော့တယ်။
ခန္ဓာကိုယ်ပေါ်ကနေအုပ်မိုးကာ ဒီပုံစံကို အားရအောင်လို့ သူစူးစူးရဲရဲစိုက်ကြည့်နေလိုက်တယ်။ Seanက သူ့အကြည့်အောက်မှာ မိန်းမသားတစ်ဦးလိုမျိုး ရှက်ရဲသွားခြင်းမျိုးမရှိပါ။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.