လွမ်းရက်နဲ့ဘာလို့နေခဲ့လဲဆို ဖြေစရာကတစ်ခုပဲရှိပါတယ် ။ အနာဂတ်မှာကာကွယ်နိုင်ဖို့ လက်ရှိအချိန်ကိုရင်းနှီးမြုပ်နှံလိုက်ခြင်းရယ်လို့ ။
🚬
ဒီလိုအခြေအနေမှာ နဂါးနက်ဂိုဏ်းခေါင်းဆောင်ရဲ့ စိတ်ပြတ်သားမှုကို ဝမ်ရိပေါ်ကသွားပြီးတီးခေါက်မိသွားတယ်လို့ ပြောလို့ရလားတော့မသိဘူး။
ဆေးရုံမှာနှစ်ရက်နေပြီး ဆင်းလာပြီးတဲ့နောက်မှာတောင် ချစ်သည်းကစကားကိုကောင်းမွန်စွာမပြောလာသေးပေ။ ဒီလိုတွေဆက်မပြောပဲနေရင် ဝမ်ရိပေါ်ကဆုံးဖြတ်ချက်ပြင်လိမ့်မယ်လို့ ချစ်သည်းကထင်နေတာလားတော့မသိချေ။
အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်ရင်း ဘယ်လိုစကားမျိုးနဲ့ ချစ်သည်းကိုချော့မော့ရမလဲလို့ ဝမ်ရိပေါ်စဉ်းစားနေမိတယ်။ ပေါင်းစည်းထားတဲ့ဂိုဏ်းတွေရဲ့ အလုပ်တွေကိုရှေ့ဆက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကို ခေါင်းဆောင်တွေဆုံပြီးဆွေးနွေးကြမယ့် စုစည်းပွဲ ဒါမှမဟုတ် အစည်းအဝေးပွဲလို့ခေါ်လို့ရတဲ့ပွဲကို ချစ်သည်းကသွားနေတယ်။
အဝေးကြီးတော့မဟုတ်ပေ။ ဂျိုးရဲ့ဒီအိမ်ရာထဲမှာပဲ ပွဲကိုကျင်းပတာဖြစ်တယ်။ ဂျပန်ကိုလာခဲ့ရတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်ပေါ့။ ချစ်သည်းဒဏ်ရာရထားလို့သာ အစည်းအဝေးပွဲကို ဂျိုးကနောက်ဆုတ်ထားတာဖြစ်တယ်။
၄နာရီကျော်လောက်ကြာနေပြီမို့ ပြန်လာချိန်တန်ပြီဆိုတာ ခန့်မှန်းမိတာကြောင့် ပိုပြီးစိတ်လှုပ်ရှားလာရတယ်။ မနက်ဖြန်ဆို ချစ်သည်းတို့ပြန်ကြတော့မယ်ဆိုတာကို ကျီဟောက်နေတဆင့်သိထားတယ်။ ဒီညမှာမှ ချစ်သည်းစိတ်ကိုပြောင်းအောင် သူမလုပ်နိုင်ဘူးဆိုရင် ဘေကျင်းကိုပြန်ပါသွားရတော့မယ်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.