ရင်ထဲမှာလှိုက်ပြီး ငိုချင်လာတဲ့အထိ
ဖြစ်စေတဲ့အချစ်မျိုးကို
သူနဲ့မှပထမဆုံးသိခွင့်ရဖူးလေတယ် ။🚬
ချစ်သည်းက အိပ်လို့ရတယ်ပြောပေမယ့်လည်း သူမအိပ်နိုင်ပါ။ ချစ်ရသူက အပြင်မှာဘယ်လိုအခြေအနေမျိုးနဲ့ရှိနေမလဲ သေချာမသိရပဲနဲ့ သူစိတ်ချလက်ချမအိပ်နိုင်ပေ။
အခန်းထဲကို ဟိုဟိုဒီဒီလိုက်ကြည့်တော့ bluetooth speakerတစ်ခုကိုတွေ့ရလေတယ်။ ဖုန်းနဲ့joinလိုက်ပြီးနောက် သူ့အိမ်မှာ သူတစ်ယောက်တည်းအိပ်ရတဲ့ညတွေတိုင်း စိတ်ငြိမ်အောင်ဖွင့်ပြီးနားထောင်တတ်တဲ့ pianoသံစဉ်ချည်းသပ်သပ် သီချင်းသံစဉ်အေးအေးလေးတစ်ခုကို ဖွင့်ထားလိုက်တယ်။
ချစ်သည်းသွားတာ သုံးနာရီနီးပါးကြာလာပြီဖြစ်တဲ့နောက် အချိန်တစ်စက္ကန့်ရွေ့သွားတိုင်း သူ့စိတ်ပူခြင်းက တရိပ်ရိပ်တိုးရတယ်။ ဒါပေမယ့် သူနောက်ထပ် နာရီဝက်လောက်ထပ်စောင့်ပြီးနောက်မှာတော့ စောင့်မျှော်နေသူက အခန်းထဲဝင်ရောက်လာပြီ။
"အိပ်နေတာမဟုတ်ဘူး"
အပေါ်ကုဒ်ကိုချွတ်ပြီး ချိတ်တစ်ခုမှာချိတ်လေတယ်။ သူ့ကိုလည်း မချင့်မရဲဆိုပါလေရဲ့။ ချစ်သည်းပြန်ရောက်လာရပြီမို့ စိတ်ပူခြင်းလျော့ကျသွားပြီး ရင်ထဲအေးသွားရတယ်။
"ဘေးမှာ ချစ်သည်းမရှိပဲ မအိပ်နိုင်ပါဘူး"
"ကိုယ်မရှိပဲ ၂၄နှစ်အထိ ဘယ်လိုအိပ်လာလဲ"
"ချစ်သည်းမရှိသေးခင်ရက်တွေတုန်းက ကြိတ်မှိတ်အိပ်နိုင်ပေမယ့် အခု၂၄နှစ်နောက်ပိုင်းမှာ ချစ်သည်းကိုသိပြီးနောက်တော့ တစ်မိနစ်လေးတောင် တကယ်မအိပ်နိုင်တော့ဘူး"
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.