ဆူးများတဲ့နှင်းဆီပန်းမှာလည်း
သူ့ကိုယ်ပိုင်နူးညံ့မှုနဲ့ သူ့ကိုယ်ပိုင်
ကြင်နာမှုတွေနဲ့ပင် ။
အမြတ်တနိုးနဲ့ဖက်တွယ်ချင်တဲ့
လိပ်ပြာလေးတစ်ကောင်အတွက်ဆို
နှင်းဆီပန်းဟာလည်း
သူ့တန်ဖိုးနဲ့သူထိုက်တန်လွန်းပါတယ် ။🚬
"အဟွတ် အဟွတ်"
ပြင်းလွန်းတဲ့အရသာကို မခံနိုင်စွာပဲ သူချောင်းဆိုးသွားရတယ်။ ဒီလောက်ထိပြင်းမယ်မှန်းမသိတာကြောင့် ရှိုက်တာကိုအားထည့်လိုက်မိတဲ့အချိန် လည်ပင်းကို အငွေ့တွေကဝင်ဆောင့်သလိုဖြစ်သွားပြီး ကြပ်တပ်တပ်လည်းခံစားသွားရတယ်။
တကယ်ကိုဆိုးလှတဲ့အတွေ့အကြုံပင်။ သူဆေးလိပ်မသောက်ဖူးတာမဟုတ်ပါ၊ အကြိမ်ပေါင်းများစွာ သောက်ဖူးပါတယ်။ တစ်ယောက်တည်းသောက်ဖူးသလို အစ်ကိုကြီးဟွမ်နဲ့အတူတူ၊ ဟန်ရှင်းနဲ့အတူတူလည်း သောက်ဖူးပါတယ်။
အဲ့ဒီလိုသောက်ဖူးတဲ့သူတောင်မှ ဒီလိုမျိုးကြပ်သွားတယ်ဆိုရင် မသောက်ဖူးတဲ့သူတွေဆို ဘယ်လောက်များကြပ်လိုက်မလဲ။
"ချစ်သည်း... ခင်ဗျားဟာက ဘယ်လိုတောင်ပြင်း"
"ကိုယ်ပြောပါတယ် ၊ ကလေးတွေအတွက်မဟုတ်ပါဘူးဆို"
အေးအေးလူလူပြောပြီး စကားအဆုံးသတ်မှာ ရယ်ပစ်လာတဲ့သူကြောင့် ရိပေါ်မကျေမနပ်ဖြစ်သွားရတယ်။ ဆေးလိပ်ရိုးရိုးမဟုတ်ပါပဲ ဆေးနဲ့ရောထားတဲ့ဆေးလိပ်ဆိုတာ သူကြိုမသိခဲ့ဘူး။
ကုတင်ပေါ်ကနေ ပြုံးစစနဲ့လှမ်းကြည့်နေသူကို မကျေနပ်တာကြောင့် သူထပ်ပြီးရှိုက်ပစ်လိုက်တယ်။ ဒါပေမယ့်လည်း ခုနကရှိုက်တဲ့အတွေ့အကြုံအတိုင်းပင်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.