မှဲ့နက်နက် တစ်စက်ချင်းစီတိုင်းကို
ရူးသွပ်စွာနမ်းရှိုက်လို့
တိမ်စိုင်တွေပေါ် သူနဲ့အတူ
အလည်သွားလိုက်ချင်တယ် ။🚬
Seanက နှစ်ထပ်မြောက်မှာရှိနေတာပင်။ လှေကားထစ်တစ်ထစ်ချင်းစီကို စိတ်မရှည်စွာ ခပ်မြန်မြန်တက်နေမိတယ်။ နှစ်ထပ်ကိုရောက်တော့ များပြားလှတဲ့အခန်းတွေ။ သူခြေအစုံရပ်လို့ ရွေးချယ်မှုလုပ်ရတယ်။
Seanရဲ့အပန်းဖြေအိမ်ယာက တခြားအပန်းဖြေအိမ်ယာတွေလိုမျိုး စိတ်ကိုရွှင်မြူးသွားစေတဲ့ အရိပ်အငွေ့မျိုး မပေးစွမ်းဘူး။ တစ်အိမ်လုံးကို အနက်ရောင်တွေနဲ့ချည်း စီခြယ်မှုန်းထားတာကြောင့် မသိလျှင် သူရောက်နေတာက ပြန်ထွက်မရနိုင်တော့တဲ့ မဟူရာချောက်နက်ထဲလိုပဲ။
တစ်ခန်းချင်းစီကို ဝေ့ဝဲကြည့်ပြီးနောက်မှာ တံခါးဖွင့်ထားတဲ့အခန်းတစ်ခန်းထဲကိုသာ သူဝင်လိုက်ပါတော့တယ်။ လက်ထဲကအိတ်ကိုလည်း အခန်းဝမှာပဲ ပစ်ချထားလိုက်တော့တယ်။ သူ့အတွက် Seanကသာ အရေးကြီးဆုံးဖြစ်နေတဲ့အချိန်မှာ တခြားအရာတွေက အပိုပစ္စည်းသက်သက်။
"ခပ်မြန်မြန်ရှာတွေ့သားပဲ"
Seanရဲ့လက်ထဲမှာ ဆေးလိပ်တစ်လိပ်အစား ဝိုင်တစ်ခွက်က အစားထိုးရောက်ရှိနေပြီ။ ဝရန်တာဘောင်ထက် ကျောမှီလို့ အပြုံးခပ်စစနဲ့ သူ့ကိုလှမ်းကြည့်နေတဲ့Seanရဲ့ဝန်းကျင်တစ်ခုလုံးက ဒီကမ္ဘာပေါ်မှာ အလှပဆုံးသော ပန်းချီကားချပ်ဆိုပြီး သူကတင်စားပစ်လိုက်ချင်တယ်။
တွေ့တာမကြာသေးရုံနဲ့ ဒီလောက်ထိတောင် အရမ်းနစ်ဝင်မိနေပြီဆိုတာကိုလည်း ကိုယ့်ကိုကိုယ်သိတယ်။ ဒါပေမယ့် မထိန်းချုပ်ချင်တော့ဘူး။ ပိုပြီးတော့ပဲ နစ်ဝင်ပစ်လိုက်ချင်တယ်။
YOU ARE READING
ETERNALLY SINKING [COMPLETED]
Fanfictionစိတ်နဲ့ခန္ဓာကို မင်းဆီမှာပဲ ထာဝရအတွက် နှစ်မြုပ်ပစ်လိုက်ချင်တယ် ။ ∆ Full credit to original owner for pics that I used in fiction.