<Uni>
အိမ်မွေးခွေးတစ်ကောင်အနေနဲ့ မနက်ခင်းငါနိုးလာခဲ့ချိန်မှာ ဝံပုလွေငါ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပြီး ကြောက်ရွံမှုဆိုတာဘာလဲ ငါနားလည်သွားတယ်။
အဲ့ဒီအချိန် ငါကြောက်ရွံမိတာတင်မဟုတ်ဘူး သေးပါထွက်ချင်လာတာ။ [T/N: ဖိုက်တာကြီးကွ]
ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့အိမ်မွေးခွေးတစ်ကောင်က လှောင်အိမ်ထဲမှာ လွယ်လွယ်နဲ့ ဆီးသွား(သေးပန်း) လို့မဖြစ်ဘူး။ ငါ အောင့်ထားရမယ်။
"အစ်ကိုကြီးဝံပုလွေ ကျွန်တော့်ကို ကြည့်နေတာရပ်လို့ရမလား။ အိပ်ရတာကြိုက်တယ်မဟုတ်ဘူးလား။ အခု အိပ်လို့မရဘူးလားဗျာ။"
အကယ်၍ သူဆက်ပြီး စိုက်ကြည့်နေရင် ငါသေသွားမှာတောင်ကြောက်(စိုး)မိတယ်။ သူ့အကြည့်တွေက ငါ့နှလုံးသားလေးကို ထောင်ပေါင်းများစွာသော ဓားတွေနဲ့ ထိုးစိုက်နေသလိုပဲ။
ငါပတ်ပတ်လည်ကို အပြေးအလွှားလုပ်နေပြီး သခင့်ကိုခေါ်နေခဲ့တယ်။ ငါထပ်ပြီး မအောင့်နိုင်တော့ဘူး...
ငါ အစ်ကိုကြီးဝံပုလွေကို ခိုးကြည့်လိုက်ပြီး အစ်ကိုကြီးဝံပုလွေက တော့ ငါ့ကိုစိတ်မဝင်စားဘူး။ သူငါ့ကို ဆက်မနှောင့်ယှက်တော့ဘူးလေ။
ဒိုက်ပါ တစ်ခုကိုတွေ့လိုက်တော့ ငါအနောက်ကို တိတ်တိတ်လေး လှည့်၊ ငါ့ခြေထောက်တွေကို မြှောက်ကားပြီး မျက်လုံးကိုပိတ် ရှက်ရှက်နဲ့ပဲ ငါ့တင်ပါးကိုစောင်းပြစ်လိုက်တယ်[T/N: You know သေးပန်း position, right?] ။ သိက္ခာကျတာက သေတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်။ ဝံပုလွေရဲ့ ပျင်းရိနေတဲ့ မျက်ဝန်းတွေထဲမှာ ထူးဆန်းတဲ့ အရောင်တွေ လက်လာပြီး မမြင်ရလုနီးပါးဖြစ်နေတဲ့ မျက်ခုံးတွေပင့်တက်သွားတော့သည်။
ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၅)
[TN: ဒီနံပါတ်တွေကလဲ ဘယ်လိုတွေမှန်းကိုမသိတော့ဘူးဟယ်]ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုတွေကို ဖြေရှင်းပြီးတဲ့နောက် ငါ အစ်ကိုကြီးဝံပုလွေကို လှည့်ကြည့်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေ အိပ်နေခဲ့တယ်။ ငါ့မျက်နှာကို သူ့မျက်လုံးထဲ မထည့်ချင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။

YOU ARE READING
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ
RandomName- 被送进狼窝了怎么办 『I was sent to a wolf den』 《Complete》 Author -今夜无眠 English Translater - Wordrain Chapter- 35【Complete】 ✓✔ 〔4september 2021 →⇒⇛30october 2021〕 ခွေးလေးတစ်ကောင်နဲ့ ဝံပုလွေကြီး တို့ရဲ့အကြောင်း ခွေးလေးရဲ့ သတ္တိကြောင်မှုတွေကို အတိုင်းသားတ...