<Uni>
[ဒီနေ့ ဝံပုလွေခွေး ပရိသတ်တွေက Cpခေါင်းစည်းမကိုင်ကြတော့ဘူး။ အဲ့ဒီ ဝံပုလွေခွေး ပရိသတ်တွေက ဝံပုလွေဘုရင်အတွက် အော်ဟစ်ကြလိမ့်မယ်။]
[အား]
[ဝံပုလွေခွေးCp အကြောင်းကို ဝံပုလွေဘုရင်ပရိသတ်တွေမေးချင်ပါတယ်။]
[လမ်းပြပါ #ဖျင်ဟိုင်းတိရစ္ဆာန်ရုံတရားဝင် Weibo#]
အထူးအဖွဲ့ ၂
ဒီရက်ပိုင်းတွေမှာ ဝံပုလွေတွေက တိုက်ပွဲအစမှာပဲ အူကြပြီး ကျန်တဲ့တိုက်ပွဲမှာတော့ တိတ်တဆိတ်ပဲဖြေရှင်းကြတယ်လို့ ရှာဖွေစုံစမ်းသူတွေ ရှာဖွေတွေ့ရှိရပါတယ်။
ဝံပုလွေအူသံက စစ်ကြေငြာခြင်းတစ်ခုဖြစ်ပြီး ဝံပုလွေမျိုးနွယ်ရဲ့ ထင်ရှားတဲ့တစ်ခုဖြစ်တယ်။ သူတို့က လူသားတွေကို စောင့်ကြည့်ဖို့ခွင့်ပြုပေမဲ့ ကြားဝင်ဖျန်ဖြေဖို့ခွင့်မပြုကြဘူး။
ဒါက ဝံပုလွေမိသားစုရဲ့စစ်ပွဲပဲ။ ကြားဝင်သူတွေက သွေးနဲ့ပြန်ပေးဆပ်ရလိမ့်မယ်။
ဒီဟာက မျိုးနွယ်နဲ့သက်ဆိုင်တဲ့ ဂုဏ်ပဏာမတွေအတွက် ပိုက်နက်လုတိုက်ပွဲ ဖြစ်တယ်။ ဝံပုလွေမျိုးနွယ်တွေက လူသားတွေကို ကြင်နာပြီး အားသုံးကျူးကျော်နိုင်မဲ့ အခွင့်အရေးကို ပေးမှာမဟုတ်ဘူး။
ရှာဖွေစုံစမ်းသူတွေက စောင့်ကြည့်ရေးကင်မရာတွေအကုန်သုံးပေမဲ့ ဝံပုလွေ ဒါမှမဟုတ် ကျားရဲ့ ခြေရာလက်ရာကိုတောင်မတွေ့ရခဲ့ဘူး။ သူတို့ စောင့်ဆိုင်းဖို့ပဲတတ်နိုင်ခဲ့တယ်။
ခွေးလေးရဲ့ ကြေကွဲစရာကောင်းတဲ့ဘဝ (၃၁)
ဒါဟာ တောင်တွေထဲမှာ သခင်နဲ့အတူရှိနေတဲ့ သုံးရက်မြောက်နေ့ပဲ။ အကုန်လုံး ဘာလို့ရုတ်တရက် အလုပ်ရှုပ်နေကြတာ ရပ်သွားလဲဆိုတာ ငါမသိဘူး။
အဲ့ဒီနေ့ သခင်က ပန်းခြံက မော်နီတာကို စောင့်ကြည့်ဖို့ တဲထဲမှာပဲနေခဲ့တာ။
သခင်က ဘာဖြစ်လို့ အဓိကပြဿနာဖြစ်တဲ့ ဝံပုလွေနဲ့ကျားကိစ္စကိုဖြေရှင်းရမဲ့အစား ဝံပုလွေတွေကိုစောင့်ကြည့်ပြီး အလုပ်ရှုပ် နေရတာလဲဆိုတာ ငါနားမလည်ဘူး။ သူက တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ဝံပုလွေတွေကိုကြည့်နေခဲ့တာ။
![](https://img.wattpad.com/cover/283959918-288-k698286.jpg)
YOU ARE READING
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ
NezařaditelnéName- 被送进狼窝了怎么办 『I was sent to a wolf den』 《Complete》 Author -今夜无眠 English Translater - Wordrain Chapter- 35【Complete】 ✓✔ 〔4september 2021 →⇒⇛30october 2021〕 ခွေးလေးတစ်ကောင်နဲ့ ဝံပုလွေကြီး တို့ရဲ့အကြောင်း ခွေးလေးရဲ့ သတ္တိကြောင်မှုတွေကို အတိုင်းသားတ...