<Uni>
ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၂၃)
သခင်က လှောင်အိမ်ထဲကနေ ခွေးကြီးထုတ်ပြီး လှောင်အိမ်ကိုပြန်ပြီး သော့ခတ်လိုက်တယ်။
"ဝုတ်ဝုတ်" အစ်ကိုကြီးဝံပုလွေ အထဲမှာရှိသေးတယ်လေ။ တစ်စုံတစ်ယောက်က ခွေးကြီးကိုခေါ်သွားပြီး သခင်ကလဲ ထွက်သွားတော့မလို့လုပ်နေတယ်။ ငါပြေးသွားပြီး သခင်ရဲ့ ဘောင်းဘီကိုဆွဲကာ ဝမ်းနည်းပြနေရတယ်။
"သခင် အစ်ကိုကြီးဝံပုလွေကို ထွက်ခိုင်းလိုက်ပါ။ သူမောနေတယ်။ သူသေသွားမှာလား။"
သခင်က ခဏတာတုန့်ဆိုင်းနေပြီးနောက် ငါ့ကို မ လိုက်တယ်။ သူသော့ကိုဖွင့်လိုက်ပြီး ငါ့ကိုလှောင်အိမ်ထဲထည့်ပြီးတာနဲ့ သော့ခတ်သွားတော့တယ်။ ငါ လှောင်အိမ်ထဲမှာထိုင်ပြီး ထွက်သွားတဲ့ သခင်ရဲ့ကျောကိုငေးကြည့်မိပြီး ကြက်သေသေသွားတော့တယ်။
ဘာလား... ကျွန်တော်က သခင့်ကို အစ်ကိုကြီးဝံပုလွေကိုထုတ်ခိုင်းတာလေဗျာ။ ကျွန်တော်ကို အထဲမှာပိတ်ခိုင်းတာမဟုတ်ဘူး။ ဘာတွေမှားနေတာတုံး။ ပတ်ဝန်းကျင်ကလဲပူနေပါလား။ ဘာလို့အစ်ကိုကြီးဝံပုလွေက ပင့်ရှိုက်ပြီး ကျွန်တော့်ဆီလာနေရတာလဲ။ ဘာလို့ အစ်ကိုကြီးဝံပုလွေက ကျွန်တော့်ကိုလှဲချပစ်ရတာလဲ။ ဘာလို့အကိုကြီးဝံပုလွေက ကျွန်တော့်ပါးစပ်ထောင့်ကို လာလျက်ရတာလဲ။ ဘာလို့အစ်ကိုကြီးဝံပုလွေက ကျွန်တော့်ကို ပွတ်နေရတာလဲ။ ဘာအခြေအနေကြီးလဲ ပြီးတော့ ဘယ်လိုလုပ် ပုံမှန်နဲ့ ကွဲပြားနေတယ်လို့ ခံစားနေရတာလဲ။ တစ်ယောက်ယောက် သူ့ကိုအစာကျွေးထားရဲ့လား။ [T/N: နင့်ကိုစားမှာတော့စားမှာပဲ ဟိုလို့ စားမှာမဟုတ်ဘူး။ နင့်နေရာမှာ ငါသာဆို ခုန်အုပ်တယ်ဟဲ့]
"သခင်က ငါ့ရဲ့ သနားစရာကောင်းတဲ့ဘဝလေးကို ဆော့ကစားနေတာပဲ။"
စောင့်ကြည့်မှတ်တမ်း (၁၁)
မွေးမြူရေးသမား A: "စစ်တပ်ကဆေးရဲ့ ဘေးထွက်ဆိုးကျိုးရှိနေတာလား။"
မွေးမြူရေးသမား D: "မရှိနိုင်ဘူး။ German shepherd ကိုလဲ သူတို့အတူတူပေးခဲ့တာပဲလေ။"

YOU ARE READING
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ
RandomName- 被送进狼窝了怎么办 『I was sent to a wolf den』 《Complete》 Author -今夜无眠 English Translater - Wordrain Chapter- 35【Complete】 ✓✔ 〔4september 2021 →⇒⇛30october 2021〕 ခွေးလေးတစ်ကောင်နဲ့ ဝံပုလွေကြီး တို့ရဲ့အကြောင်း ခွေးလေးရဲ့ သတ္တိကြောင်မှုတွေကို အတိုင်းသားတ...