<Uni>
ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၁၇)
တခြားဝံပုလွေတစ်ကောင်ဆီက စိုက်ကြည့်မခံရခင်အထိ အစ်ကိုကြီးဝံပုလွေရဲ့ မျက်လုံးတွေက ငါ့အပေါ်ဘယ်လောက်ထိ ခင်မင်လဲဆိုတာကိုငါမသိခဲ့ဘူး။ ဝံပုလွေက ငါ့ဆီ တစ်လှမ်းချင်းချည်းကပ်လာတယ်။ သူ့ရဲ့အရှိန်အဟုန်က နှေးကွေး ကျော့ရှင်းနေပြီး သူ ငါ့ကို သူ့လက်ဖဝါးထဲမှာပဲဖမ်းမိသွားတယ်။ ငါမလှုပ်ရဲဘူး။ အလျင်စလိုလုပ်မိပြီး ငါ့ဘဝလေးကိုအဆုံးသတ်လိုက်မှာကိုကြောက်နေမိတယ်။
ငါနောက်ထပ် အစ်ကိုကြီးဝံပုလွေရဲ့အဝေးမှာ လျှောက်သွားမိတာကိုပဲ အထူးတလည်နောင်တရမိတယ်။ ငါ အစ်ကိုကြီးဝံပုလွေနဲ့ လိမ်လိမ်မာမာနဲ့ ကစားခဲ့ရတာကို နောင်တရပြီ။
"အစ်ကိုကြီးဝံပုလွေငါ့ကိုရှာတွေ့တဲ့အခါကျရင် ငါအရိုးတောင်ကျန်မှာမဟုတ်တော့ဘူး။"
"ဝုတ်ဝုတ်" ငါ ချည့်ချည့်နဲ့နဲ့အသံလေးထုတ်လွှတ်လိုက်တယ်။ ငါတကယ်ပဲသေရတော့ပေမဲ့ ဝံပုလွေက ငါ့လည်ပင်းကိုဖမ်းပြီး တရှုံရှုံနဲ့နမ်းလိုက်တယ်။ ငါအနံ့က ဘယ်လိုဆိုတာ ငါလဲမသိဘူး။ ဝံပုလွေက ရုတ်တရက် ကသိကအောက်ပုံဖြစ်လာပြီး ကောင်းကင်ကို "အာဝူး"ဆိုတဲ့ အသံရှည်လုပ်လိုက်တယ်။
နောက်ကနေ ဝံပုလွေအုပ်လိုက်ကြီးကလဲ တူညီတဲ့အသံလုပ်လိုက်ကြတယ်။ အဲ့ဒါက ဝမ်းနည်းမှု အေးစက်မှုအပြည့်နဲ့ပဲ။ အသံရှည်အူနေတုံးမှာပဲ ရင်းနီးတဲ့ ကဆုန်ပေါက်သံဖျော့ဖျော့ကိုကြားလိုက်ရတယ်။ ထိုအရာက ကြွေကျနေတဲ့သစ်ရွက်တွေကိုနင်းမိပြီးထွက်လာတဲ့ တရှဲရှဲအသံတွေဖြစ်သည် ။ လေထဲမှာပြေးလွှားနေတဲ့ ပြင်းထန်တဲ့ဟိန်းသံက ခက်ထန်ပြီး အမျက်ထွက်နေ၏။
ငါအဲ့တာကို မမြင်ရသေးခင်မှာပဲ အရိပ်တစ်ခုပေါ်လာပြီး သူက ငါ့လည်ပင်းကိုဖိထားတဲ့ဝံပုလွေဆီ အပြေးအလွှားတဟုန်ထိုးသွားလိုက်တယ်။ သတိမမူမိလိုက်ပဲ အရိပ်နဲ့ ဝံပုလွေက အချင်းချင်းလုံးထွေးသွားတော့တယ်။ တောကောင်ကြီးရဲ့ ဟိန်းသံ၊ အသားစတွေကိုဆုတ်ဖြဲခြင်း နဲ့ တိုက်ပွဲက ရှည်လျားပြီး အဆုံးမဲ့ပုံရ၏။

YOU ARE READING
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ
AléatoireName- 被送进狼窝了怎么办 『I was sent to a wolf den』 《Complete》 Author -今夜无眠 English Translater - Wordrain Chapter- 35【Complete】 ✓✔ 〔4september 2021 →⇒⇛30october 2021〕 ခွေးလေးတစ်ကောင်နဲ့ ဝံပုလွေကြီး တို့ရဲ့အကြောင်း ခွေးလေးရဲ့ သတ္တိကြောင်မှုတွေကို အတိုင်းသားတ...